သာသနာ့မိခင်နှင့် ဗုဒ္ဓခေတ်ဇာတ်တော်ပုံရိပ်များ

နန္ဒာမိုးကြယ်

700 Kyats ကျပ်
ဗုဒ္ဓမြတ်စွာ ပွင့်ထွန်းတော်မူတဲ့ ခေတ်အခါက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ ဇာတ်လမ်းတွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို ဆရာနန္ဒာမိုးကြယ်က ဝတ္ထုဟန် ပြန်လည်ရေးသားထားတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ကို ဖတ်ပြီး ဘာသာရေး အတွေးအမြင် အသိအလိမ္မာ တိုးပွားနိုင်ရုံမက၊ ဝတ္ထုဟန်နဲ့ ရေးသားထားတာကြောင့် ရသအမျိုးမျိုးကိုလည်း တစ်ပုဒ်နဲ့တစ်ပုဒ် မတူကွဲပြားစွာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓခေတ်နောက်ခံ ဇာတ်တော်၊ တစ်နည်းအားဖြင့် ဇာတကဝတ္ထုတွေထဲကမှ လူသိများ ထင်ရှားတဲ့ အဖြစ်အပျက်တွေ ပါဝင်သလို၊ လူသိနည်းတဲ့ ဖြစ်ရပ် ကိစ္စတွေကိုပါ ထုတ်နှုတ်ရေးသားထားတာမို့ သုတ၊ ရသ အဖုံဖုံ ရရှိနိုင်မယ့် စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။