ဘာလို့ … မျဖစ္နိုင္ရမွာတဲ့လဲ

နန္ဒာမိုးကြယ်

700 Kyats ကျပ်
အလုပ်တစ်ခုခုကို ဖြစ်စေ၊ အယူအဆ တစ်ရပ်ရပ်ကို ဖြစ်စေ … လက်ခံရတော့မည် ဆိုလျှင် အလျင်စလို ပြီး-ပြီးရော သဘောထားမျိုးဖြင့် လက်မခံသင့်ပေ။ အမှန်ထက် အမှားကိုသာ ကြုံတွေ့ရတတ်သောကြောင့် ဖြစ်ပါသည်။ အရာရာကို ရှေ့နောက် ဆင်ခြင်သုံးသပ်ကာ အခြေခံကျကျ စူးစမ်းပြီးမှသာ လက်ခံသင့် လက်ခံထိုက်မှသာ လက်ခံသင့်ပေသည်။ ထိုအချက်သည် အမှားကင်းစင်မှုအတွက် အခြေခံကျပေသည်။ သဘာဝ လောကကြီးသည် လူသားတို့ စတင်ပေါက်ဖွားလာ ကတည်းကပင် စူးစမ်းမှုအလေ့အထ ရရှိအောင် ဖန်တီးပေးထားခဲ့၏။ ရေခဲ ဘာကြောင့် လှုပ်ခတ်ရသနည်း။ ပန်းတွေ ဘာကြောင့် အရောင်တွေ ကွဲပြားရသနည်း။ အစရှိသဖြင့် စူးစမ်းလေ့လာဖို့ရာ “ဟ” ပေးထားခဲ့သည်။ မိမိတို့သည် ကလေးငယ် ဘဝ၌ အရာရာကို စူးစမ်း လေ့လာလိုစိတ်များ အဟုန်ကြီးမား နေခဲ့ကြသည်။ မီးဆိုသည် ပူလောင်မှန်း သိသည့်တိုင် ထိကြည့်ရပါမှ ကျေနပ်ခဲ့ကြသည်။ အရွယ်ရောက်လာပါမှ စူးစမ်းလေ့လာလိုစိတ်များ လျပါးကာ ဥပေက္ခာသဘော ဆောင်လိုက်ကြတော့သည်။ “လူတစ်ယောက်အဖို့ ကိုယ့်ကိုယ်ကိုယ် ငါတော့ အရာရာကို တတ်သိနေပြီ။ ဘာမှ စူးစမ်းလေ့လာစရာ မလိုတော့ဘူးလို့ မှတ်ယူထားလိုက်ပြီဆိုရင် အသက်ရှင်လျက်နဲ့ သေဆုံးသွားတော့တာပါပဲ။ အဲ … လေ့လာစူးစမ်းမှု အမြဲတမ်း လိုအပ်တယ်လို့ ခံယူထားသရွေ့သတော့ အသက်ရှင်သန် နေဦးမှာပါပဲ”