သံနှင့်သွေး

နန်ဒ

600 Kyats ကျပ်
မြန်မာ့ဂန္ထဝင်ဝတ္ထုစစ်စစ်ကိုမှ ဖတ်ချင်တယ် ဟုတ်လား? “သံနှင့်သွေး” ကို ဖတ်ကြည့်ပါ။ စာရေးဆရာကြီး နန္ဒရဲ့ ‘သံနှင့်သွေး’ ဆိုတာ မြန်မာ့ဂန္ထဝင်ဝတ္ထုစာရင်းမှာ ထိပ်ဆုံးစာရင်းဝင်ပဲ ဖြစ်ပါတယ်။ စာရေးသူဟာ ဒီစာအုပ်ကို ရေးနိုင်ဖို့အတွက် တကယ့် ဒေသန္တရ၊ အလေ့အထ၊ ဓလေ့ထုံးစံနဲ့ ပေါရာဏစကား အသုံးအနှုန်းတွေကအစ အသေးစိတ် ကြိုတင်လေ့လာ စုဆောင်းပြီးမှ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဝတ္ထုကတော့ သမိုင်းနောက်ခံဝတ္ထုပါ။ မင်းတုန်းမင်း နတ်ရွာစံခါနီးအချိန်ကစလို့ သီပေါမင်းခေတ် နန်းတွင်အရှုပ်တော်ပုံ ဖြစ်ပွားနေချိန်က ဒီဝတ္ထုရဲ့ နောက်ခံကားချပ်ပေါ့။ ဆိုတော့ … ဂန္ထဝင် သမိုင်းနောက်ခံဝတ္ထုကောင်းကောင်း ဖတ်ချင်သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ စာအုပ်လို့ပဲ ပြောပါတော့!