လြယ္အိတ္ထဲက အလြဲမ်ား

နီကိုရဲ

800 Kyats ကျပ်
ဘာလုပ်လုပ် လွဲနေကျဖြစ်တဲ့ မောင်ရဲဝင်းလေးရဲ့ အလွဲတွေကို စာချစ်သူတို့ ကြိုက်ပြီးသားဆိုတော့ ဒီတစ်ခါ မိတ်ဆက်ပေးမယ့် အလွဲကတော့ လွမ်းစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းမှာပါ။ မောင်ရဲဝင်းက ကြီးလာမှ အလွဲတွေနဲ့ ကြုံရတာ မဟုတ်ပါဘူး။ ကလေးဘဝကတည်းကိုက လွဲခဲ့ရရှာတာ။ လွယ်အိတ်ထဲက အလွဲများ … ဆိုကတည်းက ဘယ်လို ကာလမှာ ကြုံခဲ့ရတဲ့ အလွဲတွေကို ပြန်ရေးထားသလဲဆိုတာ ခန့်မှန်းမိမယ် ထင်ပါတယ်။ အမှန်ပါပဲ။ ဆရာနီကိုရဲက သူနဲ့ တစ်ထပ်တည်းတူတဲ့ ဇာတ်ကောင် မောင်ရဲဝင်းလေး ကျောင်းသားဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အလွဲတွေကို ဟာသရသနှောပြီး ရေးထားတာဆိုတော့ အပန်းလည်းပြေ၊ အလွမ်းလည်းဝေရမယ့် စာအုပ်လေး ဖြစ်နေမှာပါ။ လွယ်အိတ်ထဲက အလွဲများ စာအုပ်လေးကို ဖတ်တဲ့အခါ အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူဘဝရဲ့ အမှတ်ရစရာလေးတွေကို လွမ်းတသသ ပြန်ခံစားရမှာဖြစ်သလို ‘ငါတို့ ကျောင်းတက်တုန်းကလည်း ဒီလိုလေးတွေ ဖြစ်ဖူးတယ်၊ ကြုံဖူးတယ်’ ဆိုတဲ့ ခံစားမှုနဲ့အတူ လန်းဆန်းတဲ့ ငယ်ဘဝ ရင်ခုန်သံတွေ ပြန်လည် ပေါ်ပေါက်လာပါလိမ့်မယ်။ အဖြူအစိမ်းဝတ် အခြေခံပညာ ကျောင်းသားဘဝကနေ အဓိပတိလမ်းက ကံ့ကော်ရနံ့သင်းတဲ့ တက္ကသိုလ်ကျောင်းသားဘဝအထိ အလွဲအမျိုးမျိုးကို ဒီစာအုပ်ထဲမှာ မြင်တွေ့ကြရမှာပါ။ ဆရာနီကိုရဲရဲ့ လူငယ်ကျောင်းသားဘဝ အလွဲလေးတွေကို ဖတ်ရင်း ပြန်မရနိုင်တော့တဲ့ ကျောင်းသားဘဝ အချိန်ကာလတွေဆီ အလည်ပြန်သွားလိုက်ရအောင်!