ပန်းစိတ်ကူး

နီကိုရဲ

800 Kyats ကျပ်
စာအုပ်ခေါင်းစဉ်လေးကိုက ချစ်စရာကောင်းနေပါပြီ။ ပန်းစိတ်ကူး … တဲ့။ ဘယ်လောက် ရိုးရှင်းပြီး ဘယ်လောက် လှပနူးညံ့တဲ့ ဝေါဟာရလေးလဲ။ ခေါင်းစဉ်လှသလို ဇာတ်လမ်းလေးကလည်း လှပါတယ်။ ချစ်စရာကောင်းပါတယ်။ ဆရာနီကိုရဲရဲ့ ဟန်အတိုင်း အရယ်အပြုံးလေးတွေနဲ့ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပ ပုံဖော်ထားတဲ့ အချစ်ရသ ဝတ္ထုရှည်တစ်ပုဒ်အဖြစ် စာချစ်သူတို့ ဖတ်ကြရမှာပါ။ ဆရာနီကိုရဲရဲ့ လက်ရာတွေကို ဖတ်ဖူးသူတွေအနေနဲ့ သိမှာပေါ့။ အချစ်ဝတ္ထုဆိုပေမဲ့ ပေါပေါပဲပဲ တွေးစရာ၊ မှတ်စရာ၊ ခံစားစရာ၊ ရသမပါတဲ့ အပေါစားအချစ်ဝတ္ထုမျိုး မဟုတ်တဲ့ ဘဝထဲက အချစ်တွေအကြောင်းကို ဒီစာအုပ်မှာ ဖတ်ရမှာ ဖြစ်သလို သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးကြီးမားပုံတွေ၊ အောက်ခြေလူတန်းစား လူငယ်တွေရဲ့ ရင်ထဲက ရိုးဖြောင့်စင်းမတ်တဲ့ အချစ်ဇာတ်လမ်းတွေ၊ လူ့စရိုက် လူ့သဘာဝကို ပုံဖော်ထားတဲ့ အရေးအသားတွေကို ခံစားကြရမယ့် စာအုပ်တစ်အုပ်ပါ။ အချစ်ဝတ္ထုထဲကမှ အဆင့်အတန်းရှိတဲ့ အချစ်ဝတ္ထု၊ လူမှုဘဝတွေထဲက အချစ်ဝတ္ထုမျိုးကို ဖတ်ချင်သူတွေအတွက် ဒီစာအုပ်လေးကို လက်တို့လိုက်ပါတယ်။ ဇာတ်လမ်းကို ကြိုမပြောချင်တာမို့ ဒီလောက်ပဲ ညွှန်းလိုက်မယ်နော်။ ဖတ်ကြည့်ပါ … မကြိုက်ဘဲ မနေဘူးလို့ပဲ အာမခံချင်ပါတယ် စာချစ်သူတို့ရေ။