အူကြောင်ကြား

နီကိုရဲ

800 Kyats ကျပ်
အပူအပင်တွေ များတဲ့ လောကကြီးထဲမှာ နိစ္စဓူဝ ဖြတ်သန်းနေရတဲ့ မိတ်ဆွေတွေအတွက် လောဘ၊ ဒေါသ၊ မောဟ၊ အာဏာ၊ အတ္တတွေကို ခဏမေ့ပြီး စာအုပ်စာပေထဲကနေ ကြည်နူးပျော်ရွှင်မှုတွေကို အခိုက်အတန့်တစ်ခုလောက် ရယူချင်တယ် ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ပါ မိတ်ဆွေ။ ဆရာနီကိုရဲရဲ့ စာပေလက်ရာတွေကို လွမ်းတသသ ဖြစ်နေသူတွေအတွက်၊ စိတ်ဆင်းရဲမှုတွေ၊ ပင်ပန်းမှုတွေ၊ အထီးကျန်မှုတွေ ခံစားနေရသူတွေအတွက် တစ်မျက်နှာ ဖတ်ပြီးတိုင်း အနည်းဆုံး တစ်ကြိမ်လောက် ပြုံးရ၊ ရယ်ရမယ့် စာအုပ်ပါနော်။ ‘ကြက်ဥက ကြက်မ ဖြစ်တာလား ? ကြက်မက ကြက်ဥ ဖြစ်တာလား ? ဘယ်သူမှ တိတိကျကျ မပြောတတ်ပေမဲ့ ကြက်မဖြစ်ဖို့ သန္ဓေတည်အစဟာ ကြက်ဥပဲ ဆိုပါစို့။ ပြောချင်တာက သန္ဓေတည်ရာ အစပါ။ ရဲဝေဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ သန္ဓေတည်ရာအစ ...’ တဲ့။ ဒီဇာတ်လမ်းကို ဒီလို အစပျိုးထားတယ်။ ရဲဝေတစ်ယောက် ဘယ်လို တလွဲတချော်တွေ လုပ်ဦးမလဲ ဆိုတာ ဒီစာအုပ်လေးမှာ ဖတ်ကြည့်ပါနော်။