သံစုံၾကဴးတဲ့ ည

နီကိုရဲ

800 Kyats ကျပ်
ဆရာနီကိုရဲရဲ့ ရသဝတ္ထုတိုတွေကို စုစည်းထားတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးကို ကျွန်တော်တို့ ငယ်ငယ်က အငှားဆိုင်ခေတ်မှာ ဖတ်ခဲ့ရတာကို ကောင်းကောင်းကြီး မှတ်မိနေသေးတယ်။ ဒီစာအုပ်ထဲက ဝတ္ထုတိုတွေကိုပါပေါ့။ ဆရာနီကိုရဲရဲ့လက်ရာ ဝတ္ထုတိုတွေထဲမှာ ဒီစာအုပ်ထဲက ဝတ္ထုတိုတွေကို ကျွန်တော်တော့ အထိဆုံးပဲ။ ဘာကြောင့်မှန်းတော့ မပြောတတ်ဘူး။ ငယ်ငယ်က တစ်ခါတိတိပဲ ဖတ်ခဲ့ဖူးပေမဲ့ ခုထိကို အဲဒီဝတ္ထုတိုတွေထဲက လေးငါးပုဒ်လောက်က ရင်ထဲ ရှိနေတုန်းပဲခင်ဗျ။ ဥပမာ တစ်ပုဒ်လောက် ရွေးပြောရရင် ‘မွေးနေ့လက်ဆောင်’ ဆိုတဲ့ ဝတ္ထုတိုလေး။ မေလဲ့မိုးဆိုတဲ့ ကောင်မလေးဟာ ချစ်သူရဲ့ မွေးနေ့မှာ ချစ်သူဖြစ်တဲ့ ကိုအောင်ရဲ့အိမ်ကို အလည်လိုက်လာခဲ့ရာက ကိုအောင်ဟာ နူနာသည်မိခင်ကြီးကို အခန်းထဲမှာ ကြိုးနဲ့တုပ်ပြီး ပစ်ထားတဲ့ အဖြစ်အပျက်ကို မြင်လိုက်ရတဲ့ မေလဲ့မိုးရဲ့ ဆုံးဖြတ်ချက်ကို လှပပြီး ဝမ်းနည်းစရာ၊ ကြည်နူးစရာ၊ နာကျင်ဆို့နင့်စရာ ရသတွေနဲ့ ထုံမွှမ်းရေးဖွဲ့ထားတဲ့ ‘မွေးနေ့လက်ဆောင်’ …။ ဒီလို လက်ရာကောင်း ဝတ္ထုတိုတွေကို ပြန်ဖတ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးက ကိုယ့်ဆရာတို့အတွက် အဆင်သင့် ဖြစ်နေပါပြီနော်။