ရည်းစားစာ

နီကိုရဲ

800 Kyats ကျပ်
လူဆိုတဲ့ သတ္တဝါဟာ အိဘော်လူးရှင်းသီအိုရီအရ မျောက်ကနေ ဆင်းသက်ဆင်းသက်၊ ထာဝရဘုရားသခင်ကပဲ ဖန်ဆင်းဖန်ဆင်း၊ နေကပဲ ဖွားလာ ဖွားလာ၊ ကံကံရဲ့ အကျိုးကြောင့်ပဲဖြစ်ဖြစ်၊ အတ္တရှိနေသမျှ မကြုံဖူးတာတွေ ကြုံရ၊ မဖြစ်ဖူးတာတွေဖြစ်၊ ကိလေသာ အမှောင်တောမှာ တော်တော်ထူးထူးဆန်းဆန်း မျောကြတဲ့ သတ္တဝါအုပ်စုပါ။ လူတစ်ယောက်မှာ ရှိတဲ့ အတ္တဟာ တော်တော်အနုစိတ်ပြီး တော်တော်လည်း ရှုပ်ထွေးပါတယ်။ လူတွေဖြစ်တဲ့ ပြဿနာကိုပဲ လူတွေရှင်းဖို့ တော်တော်လေး ကြိုးစားရတယ်။ ဒီ ‘ရည်းစားစာ’ ဆိုတဲ့ ဝတ္ထုတိုလေးမှာ ကြုံရ ရှင်းရတဲ့ ပြဿနာကတော့ ရှင်းလေရှုပ်လေ ဆိုတာမျိုးပါ။ ပြဿနာကလည်း ရည်းစားစာတစ်စောင်ကနေ စတယ်။ ရည်းစားစာဆိုတာ တကယ်တော့ အတော်များများအတွက် ရင်ခုန်စရာ ချစ်သဝဏ်လွှာတစ်မျိုးပဲ မဟုတ်လား။ တချို့အတွက်တော့ ကြေကွဲစရာ စာလွှာတစ်ရွက်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ အဲ … ဒီဇာတ်လမ်းထဲက ရည်းစားစာကျတော့ တစ်မျိုးဗျ။ ရင်ခုန်စရာတွေ၊ ကြည်နူးစရာတွေကို သယ်ဆောင်လာတဲ့ စာမျိုး မဟုတ်ဘူး။ ဘယ်လို အရာတွေကို သယ်ဆောင်လာမယ့် စာမျိုးလဲဆိုတာတော့ စာချစ်သူတို့ ကိုယ်တိုင်ပဲ ဖတ်ကြည့်စေချင်ပါတယ်။ ဆရာနီကိုရဲရဲ့ လက်ရာကောင်း ဝတ္ထုတိုတွေကို စုစည်းထားတဲ့ ဒီစာအုပ်လေးက စာချစ်သူတို့အတွက် ဟာသခံစားမှု၊ ဘဝရသ၊ လူမှုပြဿနာနဲ့ လူငယ်ရင်ခုန်သံတွေကို စုံစုံလင်လင် ခံစားကြရမယ့် စာအုပ်လေးပါပဲ။ ဝတ္ထုတိုတွေကလည်း အများကြီး ပါဝင်တယ်ဆိုတော့ စာချစ်သူတို့အတွက် အကြိုက်တွေ့စေမှာပါနော်။