မုန်းဆိုး

နီကိုရဲ

800 Kyats ကျပ်
ယုယုထွန်းဆိုတာ မိန်းကလေးတစ်ယောက်ပေမဲ့ မိန်းကလေးလို့ ဘယ်သူမှ မထင်ကြသူ။ သူ့ကိုယ်သူလည်း မိန်းကလေးလို့ လုံးဝမထင်ထားသူပါပဲ။ ဒါကြောင့် ယုယုထွန်းကို ငယုလို့ပဲ အားလုံးက ခေါ်ကြတယ်။ ငယုဟာ ငယ်စဉ်ကတည်းက သူ့အနေအထိုင်က လုံးဝ ပြတ်ပြတ်သားသား ယောကျာ်းလေးလို နေခဲ့သူ။ သူ့အသုံးအဆောင် … သူ့ကစားစရာ … သူ့အဝတ်အစား … အားလုံးက ယောကျာ်းလေး ပစ္စည်းတွေချည်းပဲ။ မိန်းကလေး အသုံးအဆောင် ပစ္စည်းတွေကို သူက တပ်လည်း မတပ်မက် … သုံးလည်းမသုံးခဲ့ပါဘူး။ လူ့ဘဝ လူ့ခန္ဓာကိုယ်မှာ စိတ်က ဦးဆောင်တယ် မဟုတ်လား။ ဒီတော့ စိတ်ရဲ့ စွမ်းအင်အတိုင်း ကျန်တရားတွေက နောက်က လိုက်ပါလုပ်ဆောင်ကြတာမို့ ငယုဟာ ယောကျာ်းလေး တစ်ယောက်လို သန်စွမ်းတယ်။ ယောကျာ်းလေးတွေသာ တတ်ကျွမ်းတဲ့ အားကစား တော်တော်များများကို သူလုပ်နိုင်တယ်။ အထိုးအခုတ်၊ အပြေးအလွှား၊ ရေကူး၊ တောင်တက် အကုန် သင်တန်းတွေ လျှောက်တက်တယ်။ ယောကျာ်းလေးတွေ လုပ်နေကျ အလုပ်တွေကို ယောကျာ်းလေးစိတ်နဲ့ လုပ်နေတဲ့ ယုယုထွန်းရဲ့ ခန္ဓာကိုယ်ဟာလည်း ယောက်ျားလေးလိုပဲ ဖြစ်နေတော့တာပေါ့။ ဒီလို ယောက်ျားတစ်ယောက်ရဲ့ စိတ်၊ အမူအကျင့်၊ ခန္ဓာကိုယ်မျိုး ဖြစ်နေတဲ့ ယုယုထွန်းဆိုတဲ့ မိန်းကလေးရဲ့ ဘဝနဲ့ အချစ်ကို လှလှပပ ပုံဖော်ထားတဲ့ ဆရာနီကိုရဲရဲ့ ‘မုန်းဆိုး’ ဝတ္ထုလေးက ချစ်စရာကောင်းပြီး လူငယ်ဆန်ဆန်နဲ့ ဆွဲဆောင်မှု ရှိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ငယုအဖြစ် ခံယူထားတဲ့ ယုယုထွန်းကို ယုယုထွန်းဘဝ ပြန်ရောက်အောင် တွန်းပို့မယ့် အခြေအနေက ဘယ်လိုလဲ၊ ဘယ်သူလဲ၊ ဘာကြောင့်လဲ၊ ဒါကို သိချင်ရင်တော့ ဒီစာအုပ်လေးကို ရင်တခုန်ခုန်နဲ့ ဖတ်ကြည့်လိုက်ရအောင်လား စာချစ်သူများ ခင်ဗျ။