ပန်းသီးထဲကနံရိုး ပန်းသီးထဲကဗုံး

နီကိုရဲ

800 Kyats ကျပ်
‘အချစ်ကို ပန်းသီးနှင့် တင်စားကြသည်။ ဧဝသည် အာဒံ၏ နံရိုးတစ်ချောင်းဖြစ်သည်။ နံရိုးထဲမှာ ဗုံးတစ်လုံးရှိနေသည်။ သည်ဗုံး ရုတ်တရက် ပေါက်ကွဲခဲ့လိုက်သည့် အချိန်မှာ သူတို့အားလုံး သွေးပျက်ခဲ့ကြကာ ညတွင်းချင်းပဲ ပန်းသီးတစ်လုံး ပြန်လည်တည်ဆောက်ခဲ့ကြရသည်။ ပန်းသီးထဲမှာ နံရိုးရှိနေသည်။ နံရိုးထဲမှာ ဗုံးရှိနေသည် …’ တဲ့။ ကဲ … ဇာတ်လမ်းကတော့ ဆန်းနေပါပြီနော်။ ဘယ်လို ဆန်းသလဲဆိုတာကို ကြိုမပြောတော့ဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးက ချစ်စရာလည်းကောင်းသလို လွမ်းစရာလည်း ကောင်းပါတယ်။ ရယ်စရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်က လူ့လောကက လူတွေအကြောင်း၊ လူတွေရဲ့ စိတ်အကြောင်း၊ လူတွေရဲ့ အချစ်အကြောင်းကို ပုံဖော်ထားတာဖြစ်လို့ပါပဲ။ လောကမှာ တချို့လူတွေက ချစ်တတ်ကြပြီး တချို့လူတွေက ချစ်လို့ပဲ လွမ်းတတ်ကြရတယ်၊ တချို့ဘဝတွေက ရယ်စရာကောင်းပြီး တချို့ဘဝတွေက ဝမ်းနည်းစရာကောင်းကြတယ် မဟုတ်လားနော်။ ‘လူတိုင်းမှားတတ်ကြလို့သာ ခဲတံတွေမှာ ခဲဖျက်တွေ တပ်ပေးထားတာပေါ့ . . . ကျေးဇူးပြုပြီး . . . နှလုံးသားမှာလည်း ခဲဖျက်လေးတပ်ပေးပါ’ ဆိုတဲ့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ရဲ့ နာနာကျင်ကျင် ခံစားချက်။ အဲဒီဇာတ်ကောင်က ဘယ်လိုလူမျိုး ဖြစ်မလဲ၊ ဘာကြောင့်များ နှလုံးသားကို အမှားပြင်ဆင်ဖို့ ခဲဖျက်လေးတစ်ခု တောင့်တနေရတာလဲ၊ ကဲ … ဖတ်ကြည့်ပါ မိတ်ဆွေ။ ရယ်ရမယ်၊ ပြုံးရမယ်၊ ရင်ခုန်ရမယ်၊ လွမ်းမောရမယ်။ ဒီလို ခံစားမှု ရသတွေ ရောယှက်နေတဲ့ ဆရာနီကိုရဲရဲ့ လူ့ဘဝဇာတ်ခုံပေါ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။