ဒဏ်ရာရလိပ်ပြာအထူးကု

နီကိုရဲ

800 Kyats ကျပ်
ကိုယ့်အပေါ် နည်းနည်းလေးမှ အဖက်မလုပ်၊ လူလို့ကို မထင်ဘဲ ရက်စက်ရင့်သီးပြီး စိမ်းစိမ်းကားကား ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်အပေါ် နှစ်ပေါင်းများစွာ ထုပေဒဏ်ပေခံပြီး ချစ်ဖူးတဲ့ ကောင်လေးမျိုး စာဖတ်သူတို့သာ ဖြစ်ခဲ့ဖူးမယ်ဆိုရင် ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်။ ငြိသွားမယ်၊ ထိသွားမယ်၊ ကြိုက်သွားမယ်၊ ခိုက်သွားမယ် ဆိုတာကို အာမခံပါတယ်ဗျာ။ ကောင်မလေးက ဖြူဖြူလုံးလုံးနဲ့ ချစ်စရာလေး။ နာမည်က မေမြတ်မိုးဦးတဲ့။ မေမြတ်မိဘတွေက သစ်လုပ်ငန်းလုပ်တယ်၊ စီးပွားရေးကောင်းတယ်။ မေမြတ်ကလည်း လှလှပပလေးဆိုတော့ မြန်မာဗွီဒီယိုကားတွေထဲကလိုပဲ ရပ်ကွက်ထဲက ကောင်လေးတွေ ကြွေကြတဲ့ မိန်းကလေးမျိုးပေါ့။ ခက်တာက ကျော်စိုး။ ကျော်စိုးရဲ့ နှလုံးသားပေါ့ဗျာ။ ကျော်စိုးရဲ့ အဖေက ဆိုက်ကားဆရာ၊ အမေက ချဉ်ပတ်သည်။ ငတိကျော်စိုးကလည်း ရပ်ကွက်ရဲ့ ထိပ်ထားလေး မေမြတ်ကိုမှ မနေနိုင်မထိုင်နိုင် သွားချစ်သတဲ့။ ချစ်တာမှ ရှစ်တန်းကတည်းက စချစ်ခဲ့တာ ဆိုပဲ။ ပေတံစောင်းနဲ့ အရိုက်ခံရလို့ ခေါင်းပေါက်တာလည်း ခဏခဏ၊ မုန့်ဟင်းခါးရည်ပူပူနဲ့ အပက်ခံရလို့ အရည်ခွံလန်တာလည်း တစ်ခါမက၊ ကြံပိုင်းနဲ့ အထုခံရလို့ ခေါင်းဖုသွားတာလည်း အကြိမ်ကြိမ်၊ စီးထားတဲ့ ဖိနပ်ချွတ်ပြီး ကောက်ပေါက်ခံရတာလည်း မရေနိုင်တော့ဘူး။ အဲ … တစ်ခေါက်ဆိုရင် မေမြတ်က အင်းခွေးကြီးနဲ့ လမ်းလျှောက်ထွက်ချိန်၊ ကျော်စိုးက ထအလိုက်မှာ ခွေးအဆွဲခံရလို့ ခြေထောက်ပြဲကွဲသွားတာလည်း သွေးတရဲရဲ။ ဒီလို မုန်းသူနဲ့ ချစ်သူ ဇာတ်လမ်းကတော့ ရိုးပါတယ်။ ဒါပေမဲ့ ရေးသူက ဆရာနီကိုရဲလေ။ ထင်သလို ရိုးရိုးဇာတ်လမ်းတော့ ဘယ်ဟုတ်မလဲနော်။ ဒီနှစ်ယောက် ဇာတ်လမ်းက ဘယ်လို အထူးအဆန်းတွေနဲ့ ရင်ခုန်စိတ်ဝင်စားစရာတွေ ဆက်မလဲဆိုတာကတော့ …