စိတ်နဲ့ခြွေတဲ့အကြွေ

နီကိုရဲ

800 Kyats ကျပ်
ဆရာနီကိုရဲရဲ့ ‘ရဲဝင်း’ ဇာတ်ကောင်ကို လွမ်းနေကြသူတွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမယ့် လုံးချင်းဝတ္ထုရှည်လေးက စာချစ်သူတို့ရဲ့ အာသီသကို ပြေပျောက်စေမှာပါ။ ‘စိတ်နှင့်ခြွေတဲ့ အကြွေ’ ဆိုတဲ့ ဒီစာအုပ်လေးမှာ ဆရာနီကိုရဲရဲ့ ပင်တိုင်ဇာတ်ကောင်ဖြစ်တဲ့ ‘ရဲဝင်း’ ရဲ့ နောက်ထပ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ခံစားကြရမှာပါနော်။ တစ်ခုတော့ သတိထားမိသလားပဲ။ ဆရာနီကိုရဲရဲ့ ဇာတ်လမ်းတွေက မြန်မာဆန်တယ်၊ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုတွေ၊ ဆင်ယင်ထုံးဖွဲ့မှုတွေလို မြန်မာဆန်မှု မဟုတ်ဘဲ မြန်မာပြည်သူ လူထုရဲ့ နေထိုင်မှု အငွေ့အသက်တွေ ဖောဖောသီသီ ပါဝင်တယ်။ ဒီစာအုပ်မှာလည်း မြန်မာဆန်တဲ့ ငပိရည်၊ ငပိကောင် စတဲ့ အစားအစာတွေကို ဇာတ်လမ်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ထည့်သွင်းပြီး ရဲဝင်းရဲ့ အူတိအူကြောင် အဖြစ်အပျက်လေးတွေ၊ လူတကာနဲ့ မတူကွဲပြားတဲ့ အတွေးအခေါ်တွေနဲ့ ရက်ယှက်လို့ လူငယ်တွေရဲ့ ရင်ခုန်သံကို ကိုယ်စားပြုတဲ့ ဇာတ်လမ်းလေးအဖြစ် ဖတ်ကြရမှာပါ။ ဒါ့အပြင် ဒီဘက်ခေတ် အွန်လိုင်းယဉ်ကျေးမှုတွေ မရှိသေးခင် ကာလတစ်ခုက ရပ်ကွက်ထဲကလူငယ်တွေရဲ့ အမှတ်ရစရာ ညချမ်းတွေ၊ ချစ်သူအိမ်ရှေ့ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် အပြုအမူလေးတွေ၊ လက်ဖက်ရည်ဆိုင်က သူငယ်ချင်းတွေရဲ့ ဆုံတွေ့စကားပြောခန်း၊ ရင်ဖွင့်ခန်းတွေ၊ ချစ်သဝဏ်လွှာလို့ ပြောရမယ့် ရည်းစားစာပေးတဲ့ ဓလေ့တွေကို လွမ်းမောစရာ ပြန်လည်ခံစားရမှာပါ။ ဘယ်လို ဇာတ်လမ်းဇာတ်အိမ်လဲ ဆိုတာကိုတော့ စာချစ်သူတို့ကိုယ်တိုင်ပဲ ဖတ်ကြည့်စေချင်ပါတယ်နော်။