ခင္ဗ်ား … ဘယ္သူပါလဲ ခင္ဗ်ား

နီကိုရဲ

800 Kyats ကျပ်
'ကျီးကန်းတွေတောင်မှ ပန်းပွင့်တွေ ပေါ်ကို မနားရကောင်းမှန်း သိကြပါတယ် ... မသီတာ။ မင်းက ငါ့ကို … ထားပါလေ … အခုတော့ ငါနဲ့ ဘေးမှာ ရယ်လိုက်ရင် ရယ်သံထွက်တဲ့ မိန်းကလေးတစ်ဦးက မင်းလိုပဲ မထူးဆန်းတဲ့ စကားတွေကို ပြောလို့ ငါ့ကို သူတတ်သမျှနဲ့ စည်းခတ် ဝန်းရံလို့ … သံသရာ တစ်လျှောက်လုံးလည်း ရှုံးပွဲများလှပါပြီ ...' တဲ့။ ဒီတစ်ခါ စာချစ်သူတို့ဆီ ပေးပို့လိုက်တဲ့ စာအုပ်ကတော့ ဆရာနီကိုရဲရဲ့ လက်ရာ၊ ဝတ္ထုတိုနဲ့ အက်ဆေးတချို့ကို စုစည်းထားတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်မှာ (ဆရာနီကိုရဲရဲ့ ပင်ကိုဟန်အတိုင်း) ရယ်စရာတချို့ ပါမယ်၊ ဟာသကနေ ဒရာမာချိုးတဲ့ ရင်ကျိုးခံစား လွမ်းမောရမယ့် ဇာတ်ကွက်တွေ ပါမယ်၊ လူနေမှုဘဝတွေကို မြင်သာထင်သာရှိစေမယ့် ဘဝသရုပ်ဖော်လေးတချို့ ပါမယ်၊ တွေးစရာ စဉ်းစားစရာတွေ တသီတတန်း ကျန်ရစ်စေမယ့် အရေးအသားတွေလည်း ပါမယ်။ ဆရာနီကိုရဲရဲ့ လက်ရာတွေက စာချစ်သူတို့ကို ခံစားမှုရသအပြင် ဘဝအတွေးအမြင်တွေကိုပါ ပေးသွားနိုင်မှာပါ။ ဆရာနီကိုရဲ အလွမ်းပြေအဖြစ်၊ ဆရာ့စာပေလက်ရာတွေကို လွမ်းတသသ ခံစားနိုင်ပါပြီခင်ဗျ။