အိပ်ပျော်နေသော ချိုင့်ဝှမ်းဒဏ္ဍာရီ

နိုင်သောင်းထွဋ်

600 Kyats ကျပ်
...မကြာမီမှာပင် အိပ်ပျော်နေသော ချိုင့်ဝှမ်းကြီး၏ ဇာတ်လမ်းများကို သူတို့ ဆက်ပြောလာကြ၏။ ပြောပြနေသော ဇာတ်လမ်းများထဲမှ ကြောက်စရာအကောင်းဆုံး ဇာတ်လမ်းမှာ ပျောက်ဆုံးသွားသော သူ့ခေါင်းပြတ်ကြီးကို ရှာဖွေနေသည့် မြင်းစီးသမားတစ်ယောက် အကြောင်းပင် ဖြစ်လေ၏။ လယ်သမားတစ်ယောက်က ထိုခေါင်းပြတ်မြင်းစီးသမားနှင့် မြင်းစီးပြိုင်ခဲ့ပုံအကြောင်းကို ပြောလာ၏။ ထိုလယ်သမားက သူ့မြင်းကို မြန်သည်ထက်မြန်အောင် အပြေးစိုင်းနေစဉ် ခေါင်းပြတ်မြင်းစီးသမား ကလည်း ချုံပုတ်များ၊ ကျောက်တုံးများပေါ် ကျော်လျက် သူ့နောက်မှ လိုက်ပါလာကြောင်း၊ သူက ရှေ့မှသွား၊ ခေါင်းပြတ်က နောက်မှလိုက်ဖြင့် အပြေးစိုင်းလာကြသည်မှာ ချိုင့်ဝှမ်းလွင်ပြင်အဆုံးထိပင် ရောက်လာကြောင်း၊ ထိုအခါ ခေါင်းပြတ်မြင်းစီးသမား ရုတ်တရက် မြင်းကိုရပ်လိုက်ကြောင်း၊ ခေါင်းပြတ်မြင်းစီးသမားတွင် အဝတ်အစားများနှင့် အသားများ၊ အရေခွံများ မရှိတော့ကြောင်း၊ ထိန်ထိန်တောက်လင်းနေသော လအလင်းရောင်အောက်တွင် ဖြူဖြူဖွေးဖွေးအရိုးစုများသာ ကျန်တော့ကြောင်းပင်...