လောဘသားတို့၏ နိဂုံး

နယ်နမိတ်

200 Kyats ကျပ်
ရဲခေါင်က အသက်ငယ်ပေမယ့် ဆင်ဖမ်းရာမှာ တကယ်ကိုတော်တဲ့ လူငယ်တစ်ယောက်ပါ။ တစ်နေ့၊ စွယ်စုံရဆင်ကြီး တစ်ကောင်ကို ရဲခေါင်ဖမ်းပြီးတုန်း အော်သံတစ်ခု ကြားလိုက်ရတယ်။ ဆင်သင်္ချိုင်းထဲဝင်ပြီး ဆင်စွယ်တွေခိုးနေသူတွေရဲ့ ဇာတ်သိမ်းမလှတဲ့အော်သံပေါ့! အဲဒီနေ့ည၊ ရဲခေါင်အိပ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ အဖိုးအိုတစ်ယောက်ရောက်လာပြီး ရဲခေါင်နဲ့ ဆင်သင်္ချိုင်း ဆက်နွယ်ပုံ၊ ဆင်ဖမ်းတဲ့အလုပ်နဲ့ အသက်မမွေးဖို့ကို ဆုံးမပြောပြသွားတယ်။ အဲဒီနောက်မှာတော့၊ ရဲခေါင်နဲ့ ဆင်သင်္ချိုင်းတို့အပြင် လောဘသားကောင်တို့ရဲ့ သွေးပျက်ချောက်ချားဖွယ် မရှုမလှဇာတ်သိမ်းကြပုံတွေကို စိတ်ဝင်စားဖို့ကောင်းအောင် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။