ခေါင်းပြတ် တစ္ဆေတစ်ကောင်ရဲ့ ကလဲ့စား

နယ်နမိတ်

200 Kyats ကျပ်
လောဘကြီးတယ်ဆိုတာ မကောင်းသလို၊ ရန်ငြိုးရန်စထားတယ်ဆိုတာလည်း ကောင်းပါဘူး။ ဒီဇာတ်လမ်းလေးက လောဘကြီးတာနဲ့ ရန်ငြိုးရန်စထားရင် မကောင်းဘူးဆိုတာကို ထောက်ပြထားတာပါ။ ပြဿနာက ညဖက်ကြီး ရွာထဲမှာ သံချောင်းခေါက်တာကနေ ဇာတ်လမ်းစတယ်။ ဘာဖြစ်လို့ သံချောင်းခေါက်တာလဲဆိုတော့ ရွာထဲကို သရဲတစ်ကောင်ဝင်ဖို့လုပ်နေတာ တွေ့လို့တဲ့။ အဲဒီနေ့ညမှာပဲ ကိုလူအေးတစ်ယောက် ခေါင်းပြတ်ပြီးသေသွားတယ်။ သူတင်လားပဲလားဆိုတော့ မဟုတ်ဘူး။ နောက်ရက်တွေမှာလည်း ခေါင်းပြတ်ပြီးသေတဲ့လူတွေ ရှိလာတယ်။ လူတွေ ဘာဖြစ်လို့ခေါင်းပြတ်ပြီး သေကုန်တာလဲ၊ သေကုန်တဲ့အကြောင်းအရင်းက လောဘ၊ ရန်ငြိုးတွေနဲ့ ဘယ်လိုဆက်စပ်မလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။