ရုက္ခစိုး မှော်ဂါထာနှင့် နှစ်ချို့သရဲ

နယ်နမိတ်

200 Kyats ကျပ်
တောထဲဝင်ပြီး အမဲလိုက်တယ်ဆိုတာ တောစည်းကမ်းတွေကို လိုက်နာရသလို အန္တရာယ်များလွန်းလို့ သတိကြီးကြီးလည်း ထားရတယ်။ မတော်တဆ စည်းဖောက်မိသွားရင် အကုန်လုံး ဒုက္ခရောက်ကြရမှာလေ။ ဒီစာအုပ်ထဲမှာ စာရေးသူနဲ့ သူငယ်ချင်းတစ်စု တောထဲကို အမဲလိုက်ထွက်ဖို့ သွားကြတယ်။ တောရှေ့ရောက်တော့ သူတို့အဖွဲ့ထဲက အသက်အကြီးဆုံးဖြစ်တဲ့ ကိုဖိုးထွန်းက တောထဲကို တန်းမဝင်သေးဘဲ ရုက္ခစိုးမှော်ဂါထာကို အကုန်လုံးကို ရွတ်ခိုင်းတယ်။ ပြီးတော့ ဘယ်လိုတောကောင်တွေကိုပဲ ဖမ်းမယ်ဆိုပြီး ကတိသစ္စာပြုကြတယ်။ သူတို့ရွတ်ခဲ့တဲ့ ရုက္ခစိုးမှော်ဂါထာက တောထဲမှာ သူတို့ရဲ့အသက်ကို ဘယ်လိုကာကွယ်မလဲဆိုတာတွေကို စိတ်ဝင်စားစရာ ရင်တထိတ်ထိတ် ခံစားဖတ်ရှုကြရမှာပါ။