ဇိုးမောင်မောင်နှင့် တစ္ဆေညီနောင်

နယ်နမိတ်

200 Kyats ကျပ်
ဒီစာအုပ်ကတော့ တကယ်ကိုထူးထူးခြားခြားပဲဗျ။ ကျွန်တော်တို့ ဖတ်ခဲ့ဖူးသမျှ၊ ကြားခဲ့ဖူးသမျှ နာနာဘာဝဇာတ်လမ်းတွေက ကြောက်စရာတွေ၊ ထိတ်လန့်စရာတွေ၊ သံဝေဂရစရာတွေကြီးပဲမှတ်လား။ ဒီစာအုပ်ထဲမှာတော့ ဇိုးမောင်မောင်ဆိုတဲ့ အရက်သမားတစ်ယောက် နာနာဘာဝတွေကြောင့် အရက်ပြတ်ပြီး ဘဝခရီးလမ်းသာယာလာတာကို မြင်ရတယ်။ ဖြောက်စိတ်ပုံရွာက အရက်ကို နေ့ညမပြတ်သောက်တဲ့ ဇိုးမောင်မောင်ဆိုတဲ့ လူတစ်ယောက်ဟာ တစ်နေ့တော့ ညဥ့်နက်မှအိမ်ပြန်ရာကနေ တစ္ဆေနှစ်ကောင်နဲ့ တွေ့ခဲ့တယ်။ အဲဒီတစ္ဆေနှစ်ကောင်နဲ့ ခင်မင်သွားပြီး သူ့ဘဝပြောင်းလဲလာပုံတွေကို အံ့သြဖို့ကောင်းအောင် ဖတ်ရမှာပါ။