အမျှဝေမှ ကျွတ်နိုင်သည်

နယ်နမိတ်(ငမိုးရိပ်)

200 Kyats ကျပ်
တစ်ခါတလေ စိတ်အစွဲအလမ်း အရမ်းကြီးရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုကို လက်မလွှတ်နိုင်ရင်ပဲဖြစ်ဖြစ် မကျွတ်လွတ်တတ်ကြဘူးလေ။ ကြာလာတော့ ကျွတ်လွတ်ချင်ကြရင် တစ်ယောက်မဟုတ်တစ်ယောက်ကို ကိုယ်ယောင်ပြ၊ နည်းမျိုးစုံနဲ့ ကျွတ်လွတ်ဖို့ ကြိုးစားလာတတ်ကြတယ်။ စိုင်းနောင် တစ်ယောက်ကြုံခဲ့ရတာကလည်း ကျွတ်လွတ်ချင်လို့ ကိုယ်ထင်ပြတာလားဆိုတာ မသေချာပေမဲ့ တော်တော်ကြောက်ဖို့ကောင်းတယ်။ နယ်မြို့က ရွာလေးတစ်ရွာကို စာသင်ဖို့အသွား ညဖက်ကြီးလမ်းမှာ ကြောက်လန့်တကြား အကူအညီတောင်းနေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီးနောက်ပိုင်း စိုင်းနောင်တစ်ယောက် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက ချောက်ချားစရာတွေချည်းပါပဲ။ ဖတ်ကြည့်လိုက်ပါဦးဗျ။