ဖော်မစုံသုညလေးများ

နန်းကြာဖြူ (ဘားအံ)

600 Kyats ကျပ်
လူငယ်စာရေးဆရာတစ်ယောက်ရဲ့ လက်ရာပီသစွာပဲ လောကကြီးထဲက လူငယ်တွေရဲ့ ရုန်းကန်လှုပ်ရှားရမှုကို အဓိက အသာပေး ဖော်ပြထားတာတွေ တွေ့ရမှာပါ။ ဒါ့အပြင် ကရင်ပြည်နယ်မှာ နေထိုင်တဲ့ ဆရာမလေး နန်းကြာဖြူ(ဘားအံ)ဟာ သူ့ဒေသ၊ သူ့ဝန်းကျင်က တိုင်းရင်းသားလူငယ်တွေရဲ့ ဘဝကိုလည်း ဇာတ်ကွက်ကောင်းကောင်းနဲ့ တင်ပြနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အဖွဲ့အနွဲ့ထက် ဇာတ်ကွက်အားကောင်းကောင်းတွေဟာ တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ဖတ်ချင်လာအောင် ဆွဲဆောင်ပါလိမ့်မယ်။ ဒီဆွဲဆောင်မှုနောက်ကို စာဖတ်သူတို့ လိုက်သွားမိပြီဆိုရင်တော့ ရင်မှာနင့်ကနဲနေအောင် ခံစားရမှုကိုလည်း တွန်းလှန်နိုင်မှာ မဟုတ်တာ သေချာပါတယ်။ ဒီဝတ္ထုတို စုစည်းမှုမှာ စာဖတ်သူတွေ မဖြစ်မနေဖတ်သင့်တာလေးတွေကို ညွှန်းဆိုရရင်တော့ စာအုပ်ခေါင်းစည်းဖြစ်တဲ့ ဖော်မစုံသုညကလေးများ၊ အပု၊ တစ်ပြည်ကို သွားသူအား မသိစေလိုတော့ပါ ဆိုတဲ့ ဝတ္ထုလေးတွေပါ။ ဇာတ်လမ်းဇာတ်ကွက် တွေကို စာဖတ်သူတွေသာ ရင်ထဲ တနင့်နင့်ခံစားရင်း ဖတ်စေချင်တာကြောင့် မညွှန်းတော့ပါဘူး။ တိုင်းရင်းသား လူငယ်တွေရဲ့ ရုန်းကန်ရမှု၊ ဆန္ဒ၊ မျှော်လင့်ချက်နဲ့ ကြုံဆုံနေရတဲ့ ဘဝတွေကိုသာ မဖတ်မဖြစ် ဖတ်ကြည့်ကြပါလို့ တိုက်တွန်း လိုက်ပါရစေ။