အရိပ်မဲ့ချစ်ခြင်း

နန်းထက်

500 Kyats ကျပ်
ဆူးရစ် က နာမည်ကြီး ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို ပြောင်းလာခဲ့တယ်။ ကျောင်းကို စရောက်တဲ့ နေ့မှာပဲ ထူးဆန်းမှုတွေ၊ ချောက်ချားစရာတွေကို ကြုံတွေ့ရသလို ခရစ်ဆိုတဲ့ ကောင်လေးနဲ့လည်း ခင်မင်ခဲ့ရတယ်။ ခရစ် က ဆူးရစ် ကို အမြဲတမ်း “ဂရုစိုက်ပါ”လို့ ပြောလေ့ရှိတယ်။ သူတို့စာသင်ခန်းက ကျောင်းသား/သူ တော်တော်များများကလည်း မတော်တဆမှုတွေကို ခဏခဏကြုံရလေ့ရှိပြန်တယ်။ နောက်ပြီး ဆူးရစ် မကြာခဏကြားရတတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ငိုညည်းသံ။ အတန်းသားတွေ တိုးတိုးတိတ်တိတ် ပြောလေ့ရှိကြတဲ့ မေရီဆိုတဲ့ ကောင်မလေး။ နောက်ပိုင်းမှာ ခရစ်နဲ့ မေရီရဲ့ ပတ်သက်ပုံတွေနဲ့ အနိုင်ကျင့်တတ်တဲ့ ပုံစံရှိသူအိမ်ဂျယ်ဆိုတဲ့ ကောင်မလေးတို့ကို မြင်တွေ့ရမှာဖြစ်သလို၊ ဝိညာဉ်ဝင်ပူးမှုတွေ၊ လက်စားချေမှုတွေ၊ ဝမ်းနည်းစရာတွေ၊ ရင်တုန်စရာတွေနဲ့ ဒီဝတ္ထုက တကယ်ကို စိတ်ဝင်ဖွယ်ပါ။