တန္ရာမွ ဆပ္ပါ

နန်းထက်

300 Kyats ကျပ်
လူငယ်တွေပြောတတ်တဲ့ စကားရှိတယ်။ ကိုယ့်ဘက်ကသာ အချစ်စစ်မှန်ခဲ့ရင် … ဆိုတဲ့စကားပေါ့။ ဒါပေမဲ့၊ တခါတလေကျပြန်တော့ ကိုယ့်ဘက်က အချစ်စစ်မှန်ခဲ့ပြီး တဖက်လူဆီက ဘာမှပြန်မရဘဲ ဆိုးကျိုးတွေသာ ပြန်ရလာခဲ့တာတွေ ရှိတတ်ပါတယ်။ ဒီစာအုပ်ထဲမှာ လှအေးဆိုတဲ့ ရိုးရိုးအေးအေး ကောင်မလေးတစ်ယောက်၊ ဘယ်ကမှန်းမသိတဲ့ ကောင်လေးနဲ့တွဲဖြစ်တယ်။ ချစ်ကြတယ်။ လွန်လွန်ကြူးကြူးဖြစ်ကြတယ်။ ချစ်လှပါတယ်ဆိုတဲ့ သူငယ်ချင်းကိုတောင် ပစ်ပယ်တဲ့အထိ လှအေးတစ်ယောက် မိုက်ရူးရဲဆန်ခဲ့တယ်။ အဲဒီနောက်မှာ အချစ်နတ်ဆိုးက လှအေးရဲ့ဘဝကို ဘယ်လိုပြုစားလေမလဲ ဆိုတော့ ...