ယောင်အော်

နတ်ရွာမိုး

800 Kyats ကျပ်
စာချစ်သူတို့ထဲမှာ အိပ်ပျော်ရင်း ထယောင်ပြီး အော်ချင်ရာအော်၊ ပြောချင်ရာပြောတတ်သူတွေ ရှိမယ်ထင်ပါတယ်။ အိပ်ပျော်နေလို့ ကိုယ်က မသိပေမဲ့ ကိုယ့်ယောင်အော်သံကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသူတွေ ရှိကိုရှိပါတယ်ဗျ။ အဲ … စိတ်အနှောက်အယှက်ဖြစ်တာထက် ပိုဆိုးတာကတော့ ကိုယ့်ယောင်အော်သံက လူ့အဖွဲ့အစည်း ထိတ်လန့်စေမယ့် ကိစ္စမျိုးဆို သွားပြီ။ ဥပမာ - မီးဗျို့ … မီး ဆိုတာမျိုး ညသန်းခေါင်ကြီး ကိုယ့်ဆရာ ထယောင်အော်လိုက်မယ် ဆိုပါစို့။ နောက်ဆက်တွဲက အနည်းနဲ့အများတော့ လှုပ်ခါသွားမှာပဲ။ ယောင်ပြီး ထထအော်တတ်လွန်းလို့ အမည်ရင်း ဇာနည် ဆိုတဲ့ နာမည်ကနေ ယောင်အော်ဆိုတဲ့ အနွတ္တအမည်ကို ရထားတဲ့ လူတစ်ယောက်အကြောင်း ဆရာနတ်ရွာမိုးက အချစ်ရသ၊ ဟာသရသ၊ ဘဝရသ၊ လူ့သဘာဝအဖွဲ့လေးတွေနဲ့ လှလှပပ ပုံဖော်ထားပါရဲ့။ ယောင်အော်တတ်တဲ့ ဇာနည်တစ်ယောက် ထယောင်ပြီး အော်တတ်တဲ့ အကျင့်က တခြားသူတွေကို ဒုက္ခပေးခဲ့တာ များပြီ။ အချစ်နဲ့ တွေ့တဲ့အခါမှာ ယောင်အော်တတ်တဲ့ သူ့အကျင့်က ဘယ်သူတွေကို ဘယ်လိုများ ဒုက္ခလှလှ ပေးမလဲ၊ ဇာနည့်နှလုံးသားကို ဘယ်လို နှိပ်စက်မလဲဆိုတာ တဝါးဝါး တဟားဟားနဲ့ ခံစားကြရမယ့် ဆရာနတ်ရွာမိုးရဲ့ ‘ယောင်အော်’ အချစ်ဟာသ ဝတ္ထုလေးကို အခုပဲ ဖတ်လိုက်ကြရအောင်ခင်ဗျ။