ဝါးႀကီး

နတ်ရွာမိုး

800 Kyats ကျပ်
စာအုပ်နာမည်က ဝါးကြီးဆိုတဲ့အတိုင်း လူကလည်း တကယ် ဝါးကြီးပဲ။ မြတ်မင်းဆိုတာ သူ့နာမည်အရင်း ဆိုပေမဲ့ မျက်မှန်သာမပါရင် တစ်လောကလုံးကို သေသေချာချာ မမြင်ရဘဲ ဝါးနေတာကြောင့် သူ့ကို ဝါးကြီးလို့ခေါ်ကြတာ။ ဝါးကြီးရဲ့ကံကလည်း ဘယ်လောက်ဆိုးသလဲ မမေးနဲ့ ... မျက်မှန်နဲ့ ပတ်သက်လာရင် တစ်ခုမဟုတ် တစ်ခု ဖြစ်ကိုဖြစ်တယ်။ ဒါကြောင့်လည်း သူလျှောက်တဲ့အလုပ်တိုင်း တစ်ခုမှမရဘူး။ တစ်ခုမဟုတ်တစ်ခု ပြဿနာတက်ကို တက်တယ်။ ဒါပေမဲ့ ဒီမျက်မှန်ကိစ္စကြောင့်ပဲ မြတ်နိုးဆိုတဲ့ မိန်းကလေးနဲ့ သူဆုံတွေ့ခဲ့ပြီး ရင်ခုန်စရာတွေ၊ မောစရာတွေ၊ ကြံလာခဲ့တယ်။ ဒီဝတ္ထုထဲမှာ ဝါးကြီးတစ်ယောက် မျက်မှန်ပျောက်လိုက်၊ ပျက်လိုက်ကြောင့် ဝါးတားတားနဲ့ လောကကြီးထဲမှာ ဘယ်လိုအလွဲတွေ ကြုံတွေ့ရမလဲဆိုတာကို ပျော်ရွှင်စရာ၊ ရယ်မောစရာအဖြစ် မြင်တွေ့ရမှာမို့ အခုပဲ ဖတ်ကြည့်လိုက်ကြနော်။