အရှေ့မိုးကောင်းကင်

နတ်နွယ်

900 Kyats ကျပ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက နာဇီဂျာမန်တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ ရုရှားပြည် လီနင်ဂရက် မြို့ကလူတွေရဲ့ ဇွဲသတ္တိလုံလနဲ့ ဘေးဒုက္ခနေ့ရက်တွေကို ဖြတ်သန်းကျော်လွှားသွားနိုင်မှုကို ဖွဲ့ဆိုထားတဲ့ ဘာသာပြန်ဝတ္ထု ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မူရင်းစာရေးသူ နီကိုလေချူကော့စကီ ကိုယ်တိုင်ဟာ လီနင်ဂရက်မြို့တော် ခုခံကာကွယ်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ တစ်ဦးမို့ သူရဲ့ အတွေ့အကြုံတွေကနေ ပေါက်ဖွားလာတဲ့ ဒီ “အရှေ့မိုးကောင်းကင်” ဟာ ကမ္ဘာ့စာပေမှာလည်း ထင်ရှား ကျော်ကြားလှပါတယ်။ နယ်ချဲ့ကျူးကျော်သူတို့ရဲ့လက်ထဲ မိမိတို့ရဲ့ မြေ၊ မိမိတို့ရဲ့ ရေ၊ မိမိတို့ရဲ့ လေ မကျရောက်စေဖို့ မျိုး ချစ်စိတ်အပြည့်နဲ့ အသေအကျေ ကာကွယ်မှုတွေ၊ မိမိတို့ထက် အင်အားအဆမတန်ကြီးမားတဲ့ ကျူးကျော်သူတို့ရဲ့ လေတပ် ကို အလွန်အင်မတန်ဆိုးဝါးလှတဲ့ ရာသီဥတုကြား အိပ်စက်ခြင်းမဲ့ညတွေကို ဖြတ်သန်းရင်း ရင်ဆိုင်ကြုံတွေ့ အောင်မြင်ကျော် လွှားပုံတွေဟာ ဒီဝတ္ထုဖတ်ရင်း သွေးကြောထဲမှာ တဖျင်းဖျင်းဖြစ်လာအောင် ခံစားပေးစွမ်းနိုင်တာကတော့ ကိုယ်တွေ့ပါပဲ။