ရတနာလိႈဏ္ဂူ

နတ်နွယ်

900 Kyats ကျပ်
ယခုစာအုပ်ကတော့ P.F.J. SIMMS ရဲ့ THE TREASURES OF A KINGDOM ကို ဆရာနတ်နွယ် မြန်မာဘာသာပြန်ဆိုပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ တွဲလျက် စီစဉ်ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကို တစ်အုပ်တည်းမှာ ဖတ်ရမှာမို့ နာမည်ကျော် ကမ္ဘာ့စာပေ ဝတ္ထုရှည်တစ်ပုဒ်ကို ရသစာပေ ခံစားမှုအပြင် အင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာပြန်ဆိုပုံ နည်းနာကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ အယုဒ္ဓယမြို့ကြီး မြန်မာဘုရင်လက်အောက် ကျရောက်ပြီးနောက် အယုဒ္ဓယတိုင်းပြည်ကြီး ကမောက်ကမ ဖြစ်နေစဉ်က အကြောင်းတွေကို ရေးသားထားတဲ့ ပေမူတစ်ခုနောက်ကို အသည်းအသန် လိုက်နေကြတဲ့ လူတစ်စု၊ ဒီပေမူရဲ့ နောက်ကွယ်က အန္တရာယ်တွေကြောင့် ဖခင်ဖြစ်သူက သားဖြစ်တဲ့ ပရာဆတ်ဆိုတဲ့ လူငယ်လေးဆီ ဒီပေမူကို လျှို့ဝှက်စွာ ပေးပို့လိုက်တဲ့ နောက်ပိုင်းမှာတော့ ရာဇဝင်ပါရဂူဘွဲ့အတွက် လန်ဒန်ကို ရောက်နေတဲ့ ပရာဆတ်တစ်ယောက် ဘဝမှာ အိပ်မက်တောင် မမက်ဖူးတဲ့ အံ့သြဖွယ်ရာတွေ၊ စွန့်စားခန်းတွေကို ကိုယ်တွေ့ ကြုံရတော့တယ်။ ပရာဆတ်ဆိုတဲ့ အရှေ့တိုင်းသား လူငယ်နဲ့ (၁၈) ရာစု ရတနာလှိုဏ်ဂူ စွန့်စားခန်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ အများကြီး ပါဝင်တာမို့ စာဖတ်သူ လက်မလွှတ်ချင်စရာပါပဲ။