ဂျက်လန်ဒန်၏ ဝတ္ထုတိုများ

နတ်နွယ်(မြန်မာပြန်)

900 Kyats ကျပ်
ဘာသာပြန်တဲ့နေရာမှာ မိမိကြိုက်နှစ်သက်တဲ့စာကို ဘာသာပြန်တာ အကောင်းဆုံးပဲလို့ ဆရာနတ်နွယ်က ပြောတယ်။ ဒါကြောင့်လည်းဒီစာအုပ်ကို ဘာသာပြန်ဖြစ်တယ် ထင်တယ်။ ဆရာက ဘဝခရီးကြမ်းတမ်းခဲ့တဲ့ ဂျက်လန်ဒန်ကိုကြိုက်သလို၊ သူ့ရဲ့စာတွေကိုလည်း ကြိုက်တယ်လို့ဆိုတယ်။ ဘာလို့လဲဆိုတော့ ဂျက်လန်ဒန်ဆိုတာ ရေးပုံအားကောင်းပြီး စာကိုရှင်းရှင်းလင်းလင်းရေးတတ်တဲ့ စာရေးဆရာကြီး။ ဇာတ်ကို ဖော်ပြတဲ့နေရာမှာ ပိရိတယ်။ ပီပြင်တယ်။ ပေါ်လွင်တယ်။ အခုဒီစာအုပ်ထဲမှာလည်း ဂျက်လန်ဒန်ရဲ့ ကောင်းလွန်းလှပါတယ်ဆိုတဲ့ ဝတ္ထုတွေကို ဘာသာပြန်ပြီး စုစည်းပေးထားတယ်။ အဲဒီလိုအနှစ်တွေချည်း စုစည်းပေးထားတာ ဖြစ်တဲ့အတွက် ဒီစာအုပ်ကို လုံးဝ လက်လွှတ်မခံဘဲ ဖတ်ကြည့်စေချင်ပါတယ်။