ရှေးခေတ် မြန်မာ့တပ်မတော် မှတ်စုများ

နတ်မောက်ဘုန်းကျေ

800 Kyats ကျပ်
တပ်မတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ မြဝတီစာပေတိုက်ရဲ့ အစဉ်အလာအတိုင်း ဆရာနတ်မောက်ဘုန်းကျော် ရေးသားတဲ့ ‘ရှေးခေတ် မြန်မာ့တပ်မတော်မှတ်စုများ’ စာအုပ်ကို ပြန်လည် ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ရှေးဘိုးဘေး မြန်မာကြီးတွေဟာ စစ်တိုက်ခြင်းနဲ့ ယဉ်ပါးတဲ့ စစ်မှုအတတ်ပညာတွေကို ကျွမ်းကျင်တဲ့ လူမျိုးတွေဆိုတာကို ဒီစာအုပ်ပါ အကြောင်းအရာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာတွေဟာ စစ်မှုရေးရာအတတ်ပညာ မညံ့ခဲ့ကြောင်းနဲ့ စနစ်ကျတဲ့ တပ်မတော်တို့ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ကြောင်း အထောက်အထားများနဲ့တကွ မြန်မာတစ်မျိုးသားလုံး သိရှိလေ့လာနိုင်စေဖို့အတွက် ရည်ရွယ်ထားပါတယ်။ မြန်မာစစ်တပ်ရဲ့ အစကနေ ရှေးခေတ်စစ်သားစုဆောင်းပုံ နည်းနာများ၊ ရိက္ခာထောက်ပြဿနာတွေကို ဖြေရှင်းပုံ၊ ရှေးခေတ်စစ်အလံများအကြောင်း၊ ရှေးခေတ်မြန်မာ့တပ်မတော်သုံး စစ်လက်နက်များ၊ ရှေးခေတ်မြန်မာစစ်တပ်ဖွဲ့စည်းပုံ၊ ရှေးခေတ်စစ်ချီအမိန့်များ၊ ရှေးခေတ် မြင်းခင်းသဘင်၊ ထွက်တော်မူကြီး (၁၂) တပ် စတာတွေကို အကိုးအကား အခိုင်အမာ၊ ပုံများနဲ့တကွ ဖော်ပြထားပါတယ်။