နွေဖီလင်

နတ်သမီး

700 Kyats ကျပ်
အခုလို မိုးတွေ သိပ်ရွာနေချိန်မှာ ပြန်သတိရမိတာက ‘နွေ’ … ။ နွေဆိုတာ လှပတယ်၊ ဆွတ်ပျံ့ဖွယ် အာရုံတွေနဲ့ ပြည်စုံတယ်။ နွေကို အလှတရားချည်းပဲ ခံစားမယ်ဆိုရင်လည်း နွေရဲ့ အလှဟာ နူးညံ့နွေးထွေးမှု၊ နွေရဲ့ အာရုံတွေထဲက လွမ်းဆွေးပူလောင်ခြင်းကို မြင်မိမယ်ဆိုရင်လည်း နင့်နင့်နဲနဲ ခံစားရမှု၊ ဒါဟာ နွေကပေးတဲ့ ဖီလင်ခံစားမှုပေါ့။ ပီတိဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာလည်း နွေရဲ့ လှပခြင်းကို ကိုယ်စားပြုပြီး နွေရဲ့ လွမ်းဆွတ်ဖွယ် အထီး ကျန်ပူလောင်ခြင်းတို့ကို ရင်မှာ သိမ်းဆည်းထားရသူလေးလို့ ဆိုရမှာပါ။ အမေရင်း မရှိတော့တဲ့ဘဝမှာ မိထွေးဖြစ်သူရဲ့ အုပ်စီးမှု၊ နိုင်လိုမင်းထက်မှု၊ သိမ်ငယ်သေးသိမ်စေမှု။ ဖခင်ဖြစ်သူထံက လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နွေးထွေးမှု၊ လှိုက်လှဲမှု၊ မေတ္တာတရား။ ဒါတွေဟာ ပီတိဆိုတဲ့ နွေနတ်သမီးလေးရဲ့ ဘဝမှာ အထီးကျန်ပူလောင်လှတဲ့ နေ့ရက်တွေကို ဖြတ်သန်း နေရစေတဲ့ အရာတွေပေါ့။ အဲဒီ နတ်သမီးလေးရဲ့ ရင်ခွင်ဆီ နွေရဲ့ ခန့်ညားတဲ့အလှတရား၊ နွေမှာမှ ရရှိနိုင်တဲ့ အေးရိပ်ဆာရာ၊ နွေကမှ ပေးစွမ်းနိုင်တဲ့ နွေးထွေးမှု စတာတွေကို ဘယ်သူ တစ်ဦးတစ်ယောက်ကများ သယ်ဆောင်လာလိမ့်မလဲ ? ဒါဟာ၊ စာဖတ်သူတွေအတွက် နွေရဲ့ ခံစားမှုကို တသသခံစားနိုင်ဖို့ နတ်သမီးက ဒီဝတ္ထုကိုများ ရေးဖွဲ့လိုက်လေသလားလို့ မေးခွန်း ထုတ်ချင်မိပါတော့တယ်။