အချစ်နှင့်တွေ့ဆုံခြင်း

နတ်သမီး

700 Kyats ကျပ်
...တစ်ယောက်က ကျွတ်ဆတ်ဆတ် မာကြောကြော ကောင်လေး။ အချစ်မရှိတဲ့ နှလုံးသားဟာလာဟင်းလင်းနဲ့ ရင်ဘတ်ထဲ ကြွေဆင်းလာသမျှ မိန်းမလှကလေးတွေကို တို့ထိကစားတတ်သူ။ နောက်တစ်ယောက်က ဘဝတိုးတက်ရေး အတွက် တည်တည်ငြိမ်ငြိမ်နဲ့ ရုန်းကန်ကြိုးစားလိုသူ။ ဒီလို ဆန့်ကျင်ဘက် ဖိုမနှစ်ဦးကို တိုက်ဆိုင်စွာပဲ နီးနီးကပ်ကပ် အမြဲ ထိတွေ့ဆက်ဆံနေရဖို့ ကံကြမ္မာက ဖန်တီးပေးလာပါတယ်။ ဒီတွေ့ဆုံမှုဟာ အချစ်ကို ဘယ်လိုဖန်တီးတဲ့ ထိတွေ့မှုတွေ ဖြစ်လာမလဲဆိုတာ နတ်သမီးက ခပ်မြူးမြူးလေး ဇာတ်လမ်းတည်ဆောက်ထားတာပါ။