ချစ်သူ၏ကိုယ်ခန္ဓာအလှတရားကြောင့် အရာအားလုံးတင့်တယ်ကြကုန်၏

နတ်သမီး

700 Kyats ကျပ်
လောကမှာ အချို့အရာတွေဟာ အမြီးအမောက်မတည့် ဖြစ်နေတာမျိုးတွေကို ကြုံတွေ့ဖူးကြမှာပါ။ အဲဒီလိုပဲ ‘ရဲရဲနီနီ’ ဆိုတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ထဲကိုလည်း အဲဒီလို အမြီးအမောက်မတည့်တဲ့ ဖြစ်ရပ်တစ်ခုက တိုးဝင်လာခဲ့ပါ တယ်။ အခြားတော့ မဟုတ်ပါဘူး။ ရဲရဲနီနီတို့ရဲ့ အိမ်နားကို ငယ်ရွယ်တဲ့ အလှဖန်တီးရှင်နှစ်ဦး ရောက်ရှိလာတာကနေ ဒီဇာတ် လမ်းစတာပါ။ အလှဖန်တီးရှင်ဆိုလို့ စာဖတ်သူတို့အနေနဲ့ တွေ့နေကြ ပုံစံမျိုးတွေကို မြင်ယောင်မကြည့်လိုက်ကြပါနဲ့။ တကယ့်ကို နုနုဖတ်ဖတ်နဲ့ ချောမောတဲ့ ယောက်ျားပျိုနှစ်ဦးဟာ အလှဖန်တီးရှင်နှစ်ဦး ဖြစ်နေတာပါ။ ဒီလိုနဲ့ အလှအပကို စိတ်ဝင်စားတဲ့ ရဲရဲနီနီတစ်ယောက် အဲ့ဒီနှစ်ယောက်နဲ့ ရင်းနှီးမိရင်း အစကတော့ ရိုးရိုးပေါ့။ နောက်တော့ ..... နောက်တော့ တစ်မျိုးတိုးလို့ဆိုရရင်ပဲ အမြီးအမြောက်မတည့်တဲ့ ဒီ ဇာတ်လမ်းတစ်ပုဒ်ဟာ စာဖတ်သူတို့ ဖတ်ရှုကြဖို့ နတ်သမီးတင်ဆက်လိုက်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်လာတာပါ။ ဘယ်လို အမြီးအမြောက်မတည့်ဘဲ အလှဖန်တီးရှင်နှစ်ယောက်နဲ့ ချစ်စဖွယ်လှပတဲ့ မိန်းကလေးတစ်ယောက်တို့ အချစ်အကြောင်း ဇာတ်လမ်းဖြစ်ကြမလဲဆိုတာ … ။