နှလုံးအိမ်မှာ ချိတ်ဆွဲထားသော ဝှိုက်ဘုတ်

နတ်ရွာမိုး

800 Kyats ကျပ်
>> ငယ်ငယ်ကတည်းကပဲခင်ခင်၊ ကျောင်းရောက်မှပဲခင်ခင်၊ ဘယ်လိုခင်ခင်ပါ။ ခင်သမျှသူငယ်ချင်းတွေထဲမှာ အကြံပေးလိုလို၊ အတိုင်ပင်ခံလိုလို လူတစ်ယောက်တော့ အမြဲပါတယ်မှတ်လား။ သူတို့ကိုကြည့်တော့ ဘာမှသာမဟုတ်တာ တွေးခေါ်အားတော့ အတော်မြင့်တဲ့လူတွေလေ။ ရဲလင်းကလည်း အဲဒီလိုကောင်။ သူ့မှာသာရည်းစားမရှိတာ သူငယ်ချင်းတွေကို အကြံပေးလိုက်ရင် အောင်မြင်သွားတာကြီးပဲ။ >> ဒီလိုအကြံပေးနေကျကောင်က သူကိုယ်တိုင်ရဲ့အချစ်ရေးနဲ့ ပတ်သက်လာတဲ့အခါမှာ တိုင်ပတ်တော့တာပဲ။ သူရင်ခုန်သွားတဲ့သူကလည်း သူ့အဖေ နောက်မီးလင်းမလင်း လိုက်ချောင်းရာကနေ သူ့လိုပဲ၊ ဘာကိုချောင်းလို့ ချောင်းမှန်းမသိတဲ့ ကောင်မလေး မြယွန်ဘုံကိုပါ။ ဆန်းဆန်းပြားပြားဆုံကြတဲ့ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေက ထပ်တူကျပါ့မလားဆိုတာ ဆရာနတ်ရွာမိုးရဲ့ ရယ်ရင်းမောရင်းနဲ့ စိတ်အပန်းပြေအောင် ဖတ်လိုက်ကြစို့ဗျာ။