ယောက်ဖ

နတ်ရွာမိုး

800 Kyats ကျပ်
>> တကယ်ခင်တဲ့ သူငယ်ချင်းတွေကြားထဲမှာ ယောက်ဖရေ မင်းညီမငါ့ပေး၊ ငါ့နှမမင်းယူဆိုပြီး ... စနောက်နေကြတုန်း တော့ ဘာမှမဖြစ်ကြပေမယ့် တကယ်လည်း ပေးရမယ်ဆိုရော မပေးချင် ဖြစ်ကုန်ကြတယ်။ သူငယ်ချင်းယောက်ဖရယ်လို့ မဖြစ်ချင်ကြဘူး။ 'မိုးညို'ကတော့ သူ့သူငယ်ချင်း'မင်းထင်ကျော်'ရဲ့ ညီမလဝန်းနဲ့ ဆိုရင် လုံးဝမတည့်ဘူး။ ယောက်ဖလို့ခေါ်လို့ရမယ့် လမ်းစကို မမြင်ရဘူး။ >> ဒါပေမဲ့လည်းပေါ့လေ ... ကံတရားရဲ့ အလှည့်အပြောင်းက သူတို့သူငယ်ချင်းနှစ်ယောက်ကို ယောက်ဖတော်စပ်ရမယ့် အခြေအနေတွေဆီ တွန်းပို့နေတယ်။ အဲဒါက ဘယ်လို ဇာတ်လမ်းမျိုး ဖြစ်မလဲဆိုတာကတော့ .... ဇာတ်လမ်းလေးက ပေါ့ပါးတယ်၊ ရယ်ရတယ်၊ မထင်မှတ်ဘဲ ကြေကွဲစရာတွေလည်း ဖြစ်လာတတ်တယ်။ ညဘက်မှာ အေးအေးဆေးဆေး ဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်အုပ်လို့ ပြောချင်ပါတယ်။