အံကပ်

နတ်ရွာမိုး

800 Kyats ကျပ်
ဖြစ်စဉ်အစကတော့ အတုကိစ္စလို့ပဲ ပြောရမယ်။ ဘုန်းသော်ရဲ့ သွားအတု၊ အံကပ်ကိစ္စပေါ့။ သူကအသက်ငယ်ငယ်နဲ့ အံကပ်တပ်ထားရတဲ့လူ။ ငယ်ငယ်ရွယ်ရွယ်ရဲ့ မိဘလုပ်ငန်းမှာ တာဝန်ကြီးယူထားရတဲ့လူ။ တစ်နေ့၊ ဘုန်းသော်အဖေက အကူအညီရအောင်ဆိုပြီး အတွင်းရေးမှူးမလေး တစ်ယောက်လွှတ်လိုက်တယ်။ >> အတွင်းရေးမှူးသာဆိုတယ် ဘုန်းသော်နဲ့တစ်ခါမှအဆင်မပြေ။ ဂျစ်ကန်ကန်နဲ့ ရွဲ့သလိုလိုစောင်းသလိုလိုနေတော့ ဘုန်းသော်လုံးဝကြည့်မရ။ ဒါပေမဲ့ ဘုန်းသော်တစ်ယောက် သူ့အတွင်းရေးမှူးအသစ်ကို ဘယ်တော့မှ အကြီးအကျယ်မဆူ၊ မအော်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အံကပ် ကျွတ်ကျသွားမှာစိုးလို့လေ။ အတွင်းရေးမှူးမလေးနာမည်က သလင်းခင်တဲ့။ အံကပ်တပ်ထားရတဲ့ ဘုန်းသော်နဲ့ သူ့ရဲ့ဂျစ်ကန်ကန်နိုင်တဲ့ အတွင်းရေးမှူးမလေးတို့ရဲ့ ဇာတ်လမ်းက နောက်ပိုင်းမှာပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်မလဲ ဆိုတာ အိမ်မှာနေရင်း ဖတ်ကြည့်လိုက်တော့နော်!