လူကောင်

နတ်ရွာမိုး

800 Kyats ကျပ်
>> စာချစ်သူတို့ တာဇံဇာတ်လမ်းကို သိတယ်မှတ်လား။ ကြိုက်လည်းကြိုက်တယ်ဟုတ်! ဒါဆိုရင်တော့ ဒီဝတ္ထုကိုလည်း လုံးဝကြိုက်မှာ အာမခံတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကတော့ လူကောင်ဗျ။ ဟုတ်တယ် သူ့နာမည်ကိုက လူကောင်။ တိရိစ္ဆာန်တွေကြားထဲမှာ ကြီးပျင်းလာတဲ့ တစ်ယောက်ထဲသောလူ။ ဒါကြောင့်လူကောင်လို့ခေါ်တာ။ တောနက်ကြီးထဲမှာ သူ့အမေကိုခွေးအတွေ ကိုက်စားနေတုန်း လူကောင်လေးကဗိုက်ထဲကထွက်လာတယ်။ အဲဒါကို မျောက်ကြီးတစ်ကောင်က ဝင်ကယ်ပြီး မွေးစားလိုက်တာ။ >> တစ်နေ့ လူကောင်နဲ့မျောက်ကြီး သတင်းတစ်ခုကြားလိုက်တယ်။ တောထဲမှာ လူတွေ့တယ်တဲ့။ ဒါနဲ့နှစ်ယောက်သား သွားစပ်စုတာပေါ့။ ဦးသီလဆိုတဲ့လူကို ခွေးအတွေဝိုင်းသတ်ဖို့ လုပ်နေတာ။ အဲဒါကို မျောက်ကြီးနဲ့ လူကောင်ကဝင်ကယ်ရင်း လူကောင်တစ်ယောက် လူတွေနဲ့ အနေနီးစပ်ဖို့ဖြစ်လာတယ်။ နောက်ပိုင်းမှာ ဦးသီလအပြင် ကောင်မလေးတစ်ယောက်ကိုပါ လူကောင်တစ်ယောက် တွေ့မြင်ပြီးနောက်မှာတော့ … ဒီဝတ္ထုက တခြားဝတ္ထုတွေနဲ့ မတူပဲ ဆန်းသစ်တဲ့ပုံစံမျိုးလေးနဲ့ ရေးထားတာမို့လို့ ဖတ်ကြည့်လိုက်တော့ဗျို့ !