ဖတ္တငံ့ငံ့

နတ်ရွာမိုး

800 Kyats ကျပ်
>> ဖတ်တငံ့ငံ့ဆိုတော့ ဘာလဲပေါ့။ စပ်တငံ့ငံ့ဆိုတဲ့စကားကတော့ ငရုတ်သီးနည်းသွားတဲ့သဘော။ ဒါဆိုရင် ဖတ်တငံ့ငံ့ကရော? ဒီဝတ္ထုထဲရဲ့အစပိုင်းမှာ စာအုပ်ဖတ်နေရရင် ပတ်ဝန်းကျင်မှာ ဘာဖြစ်မှန်းမသိတော့တဲ့ မိန်းကလေးတစ်ယောက်။ စာအုပ်ဖတ်နေရင်း သူ့မုန့်ကို သူများယူစားတယ်လို့ထင်နေရာကနေ တကယ်တမ်းသေချာစစ်ကြည့်မှ သူများမုန့်ကို သူယူစားနေတာ ဖြစ်နေတယ်။ သူယူစားလိုက်တဲ့ မုန့်ပိုင်ရှင်ကလည်း ခပ်ချောချောကောင်လေးဆိုတော့ ရှက်တာပေါ့။ >> နောက်တစ်ယောက်က စုထား။ ဘော်ဒီ မိုက်သလောက် ရုပ်ကလေးတော့ မဆိုစလောက်လေးဆိုးတယ်။ သူက အိမ်နားက သီချင်းရေးဆရာတစ်ယောက်ကို တိတ်တခိုးလေးချစ်နေမိတယ်။ တစ်နေ့တော့ အဲဒီသီချင်းရေး ဆရာက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး သူ့ဆီကိုရောက်လာတယ်။ ဒါကအစပါ။ ဒီဝတ္ထုကိုစစဖတ်ချင်းမှာတော့ ဘာလဲပေါ့ ဆိုတာမျိုး တွေးမိလိမ့်မယ်။ စာအုပ်ဆုံးမှ အဖြေသိရမှာပေါ့။ ကဲ ဖတ်တငံ့ငံ့ဆိုတာ ဘယ်လိုခံစားချက်မျိုးလေးလဲသိချင်ရင်တော့ ဒီဝတ္ထုကို ဖတ်ကြည့်ရမှာပဲပေါ့နော်!