မိုဗီဒစ်

နတ်နွယ်

1500 Kyats ကျပ်
ဒီဝတ္ထုက ဇာတ်ကြောင်းပြန်ဝတ္ထု အမျိုးအစားဖြစ်ပါတယ်။ ဇာတ်ဆောင်ဖြစ်တဲ့ ‘အစ်ရှမေး’က စကားအရာ လှပစွာ၊ ဥပမာ ဥပမေယျ ကြွယ်ဝစွာနဲ့ ဇာတ်လမ်းအစကနေ အဆုံးအထိ စာဖတ်သူကို ဆွဲခေါ်သွားတဲ့ဝတ္ထုပါပဲ။ ရေးသားသူက သင်္ဘောသားဖြစ်ခဲ့တာကြောင့် ဝတ္ထုထဲမှာ သင်္ဘောသားအတွေ့အကြုံ၊ ဝေလငါးဖမ်းတဲ့ အတွေ့အကြုံ၊ ပင်လယ် အတွေ့အကြုံတွေအပြင် အတွေ့အကြုံကနေ ရရှိလာတဲ့ ဘဝဒဿနတစ်ခုကို ဖော်ထုတ်ထားပါတယ်။ ဒါ့အပြင် လေးနက်တဲ့ အတွေးအခေါ်တွေ၊ ဇာတ်ဆောင်စရိုက်တွေ၊ ကဗျာဟန်အရေးအဖွဲ့တွေ၊ ရွက်သင်္ဘောနဲ့ ဝေလငါးဆိုင်ရာ ဝေါဟာရတွေကိုလည်း ဝတ္ထုထဲမှာ ဗဟုသုတရဖွယ် ထိတွေ့ရမှာဖြစ်သလို လောကကြီးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေခြင်း၊ အကောင်းနဲ့ အဆိုးတို့ရဲ့ တိုက်ပွဲတွေကိုလည်း ဖတ်ရှုရမှာပါ။ ကမ္ဘာကျော် ဝတ္ထုတစ်ပုဒ်ဖြစ်လို့ တကယ်ကို ဖတ်ကြည့်စေချင်ပါတယ်။