The Destroyer စာစဉ်-၁၁

ဒျန်း(ဇိုင်ယန်)

500 Kyats ကျပ်
စာမြည်း ✅"မင်း ငါနဲ့လက်ရည်စမ်းမလား" အသံတစ်ခုက အပေါ်စီးက ထွက်ပေါ်လာလျှင် ဇိုင်ယန်က ဂရုစိုက်ခြင်းမရှိပေ။ "စိတ်မဝင်စားဘူး" ဇိုင်ယန်၏အသံကလည်း ပြတ်သားစွာ ထွက်ပေါ်လာခဲ့ပေသည်။ သူက လက်ရည်စမ်းပွဲအပေါ်မှာပင် ကြည့်ရှုခြင်းမရှိပေ။ ဇောင်ဟိုက်ရန်တို့ စားပွဲဝိုင်းကလူများက ဇိုင်ယန်တို့နှစ်ယောက် အပေါ်မှာ စိတ်ဝင်စားလာကြသည် အထူးသဖြင့် ယွင်ကားဟိုပင်... ထိုသူက သူ၏သားဖြစ်ပြီး ယွင်ရှင်းရဲ့ ညီငယ်ဖြစ်သည့် ယွင်ချွန်းဖြစ်ပေသည်။ သူက ကောင်းကင်ဧဿဒစ်အဆင့် ၆ တွင်ရောက်ရှိနေပြီဖြစ်ပြီး ယွင်ရှင်းထက် ပိုမို ပါရမီမြင့်မားသူ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည်။ "ငါက ယွင်ချွန်းပဲ မင်းက ငါ့အစ်ကိုကိုနယ်မြေတစ်ရာ မြေပုံလုပွဲမှာ သတ်ခဲ့တယ်။ မင်းဘယ်လောက်ထိ အားကောင်းလဲဆိုတာ ငါသိချင်တယ်" ယွင်ချွန်း၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။