မြို့တော်ညီနောင်

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး CHARLES DICKENS ရဲ့ A TALE OF TWO CITIES ဆိုတဲ့ စာအုပ်ကို ဆရာဒဂုန်ရွှေမျှား မြန်မာဘာသာပြန်ထားတဲ့ ‘မြို့တော်ညီနောင်’ …။ စာအုပ်အကြောင်း မပြောခင် CHARLES DICKENS ရဲ့ စာပေလက်ရာတွေအကြောင်း နည်းနည်း မိတ်ဆက်ပေးချင်ပါတယ်။ CHARLES DICKENS ရဲ့ စာပေလက်ရာတွေဟာ သူ့ခေတ်သူ့အခါမှာ တော်တော်ကြီး ပေါက်မြောက်ခဲ့သလို ဒီဘက်ခေတ်တွေအထိလည်း ကမ္ဘာ့စာပေမှာ ထင်ရှားဆဲပါပဲ။ ကမ္ဘာကျော်ဝတ္ထုဖြစ်တဲ့ အော်လီဗာတွစ် (၁၈၃၈)၊ နိကိုးလပ် နစ်ကယ်လဗီ (၁၈၃၉)၊ အဆန်းအပြား ဆိုင်ဟောင်းကြီး (၁၈၄ဝ)၊ ဗာနေဗီရပ် (၁၈၄၁) စတဲ့ ဝတ္ထုတွေက CHARLES DICKENS ရဲ့ ထူးထူးခြားခြား လက်ရာတွေဖြစ်ပြီး ဆရာကြီးရွှေဥဒေါင်း အမျိုးသားစာပေဆု ရရှိခဲ့တဲ့ ‘မျှော်တလင့်လင့်’ ဆိုရင်လည်း CHARLES DICKENS ရဲ့ လက်ရာပါပဲ။ အခု ဖတ်ကြရမယ့် ‘မြို့တော်ညီနောင်’ ဝတ္ထုကြီးကတော့ CHARLES DICKENS ရဲ့ နှောင်းပိုင်းလက်ရာလို့ ဆိုကြပါတယ်။ ‘မိတ်ဆွေအတွက် မိမိအသက်ကို စွန့်လွှတ်ခဲ့သူ၏ မေတ္တာလက်ဆောင်ထက် ကြီးမားသော မေတ္တာကား မရှိတော့ပြီ’ တဲ့။ ကဲ … မြို့တော်ညီနောင် ဝတ္ထုကြီးက စာချစ်သူတို့ကို ဘယ်လောက်အထိ လွှမ်းမိုးနိုင်စေမယ့် ဂန္ထဝင်လက်ရာလဲဆိုတာ ကိုယ်တိုင်ဖတ်ကြည့်ပြီး ကိုယ်တိုင်သာ သတ်မှတ်စေချင်ပါတယ်ခင်ဗျ။