ဂြိုဟ်မွှေတဲ့ ပုလဲ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
အမေရိကန် စာရေးဆရာကြီး ဂျွန်စတိန်းဘတ်ရဲ့ ကမ္ဘာကျော် ဂန္ထဝင်ဝတ္ထုကြီးတစ်ပုဒ်ဖြစ်တဲ့ The Pearl ကို ဆရာဒဂုန်ရွှေမျှား မြန်မာဘာသာ ပြန်ဆိုထားတဲ့ ‘ဂြိုဟ်မွှေတဲ့ ပုလဲ’ ။ ဒီစာအုပ်ကို ဘယ်လောက်အထိ စာချစ်သူတွေ စွဲမက်ခဲ့ကြသလဲ ဆိုရင် နိုင်ငံတကာက ဘာသာအမျိုးမျိုးနဲ့ ပြန်ဆိုခဲ့ကြသလို မြန်မာနိုင်ငံမှာဆိုရင် စာရေးဆရာ သုံးဦးစလုံးက သူ့နည်းသူ့ဟန်နဲ့ ပြန်ဆိုထုတ်ဝေခဲ့ကြပြီး သုံးမျိုးစလုံးကိုလည်း စာဖတ်သူတွေ အကြိုက်တွေ့ခဲ့ပါတယ်။ ဆရာဒဂုန်ရွှေမျှားက ‘ဂြိုဟ်မွှေတဲ့ပုလဲ’ အမည်နဲ့ ပြန်ဆိုခဲ့သလို၊ ဆရာထင်လင်းက ‘ပုလဲတေးသံ’ အမည်နဲ့ ပြန်ဆိုခဲ့သလို၊ ဆရာသန်းဆွေကတော့ ‘ပုလဲ’ ဆိုတဲ့ နာမည်နဲ့ မြန်မာဘာသာ ပြန်ဆိုခဲ့ပါတယ်။ ပင်လယ်မှာ ရေငုပ်ရှာဖွေပြီး အသက်မွေးကြတဲ့ မိသားစုတစ်စု၊ ကမ္ဘာ့အကြီးဆုံး ပုလဲလုံးကြီးတစ်လုံးကို ရလာပြီးနောက်မှာ စာမတတ် ပေမတတ် အဲဒီမိသားစုလေးရဲ့ ကံကြမ္မာဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲရပါတော့တယ်။ ပုလဲပွဲစားတွေ၊ လူညစ်ပတ်တွေ၊ ဝိသမသား လောဘသားတွေရဲ့ အန္တရာယ်ပေးမှုတွေကို ဒီအောက်ခြေလူတန်းစား မိသားစု ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစရာ ရေးဖွဲ့ထားတဲ့ ဂန္ထဝင်ဝတ္ထုကြီးတစ်ပုဒ်မို့ စာချစ်သူတို့ လက်လွတ်မခံစတမ်း ဖတ်သင့်တဲ့ စာအုပ်ပါပဲခင်ဗျ။