နီနီလေး

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဆရာကြီးဒဂုန်ရွှေမျှား ဘာသာပြန်တဲ့ ဝတ္ထုလက်ရာတွေက၊ ဆရာကြီးရဲ့ ဘာသာပြန်အတတ်ပညာ ကျွမ်းကျင်မှုကြောင့်လားမသိ။ ဖတ်ရတာ အရမ်းသဘောကျဖို့ကောင်းတယ်။ မြန်မာစာရေးဆရာတစ်ယောက် ရေးထားတဲ့ ဝတ္ထုကို ဖတ်ရသလိုပဲ၊ ဖတ်ရချောတယ်၊ မြန်မာပြန် အရေးအသားက ညက်ညောသေသပ်လှပါတယ်။ နောက်ပြီး၊ ကမ္ဘာ့စာပေထဲက ထိပ်တန်းစာရင်းဝင် ဝတ္ထုတွေကို မြန်မာစာဖတ်ပရိသတ် ခံစားထိတွေ့နိုင်အောင် ဘာသာပြန်ပေးတဲ့ ဆရာကြီးရဲ့ ကျေးဇူးကလည်း မနည်းပါဘူး။ အခုတစ်အုပ်ကလည်း ဆရာကြီး ဘာသာပြန်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် ဝတ္ထုရှည်ကြီးတစ်ပုဒ်။ မူရင်းရေးသားသူက အားလုံးရင်းနှီးပြီးသား အင်္ဂလိပ်စာရေးဆရာကြီး Sir Henry Rider Haggard ... ဝတ္ထုနာမည်က Red Eve ... စိတ်ကူးယဉ်ဇာတ်ကွက်တွေနဲ့ လက်ရာမြောက် ဖန်တီးထားတဲ့ သမိုင်းနောက်ခံဝတ္ထုကြီးပဲ ဖြစ်ပါတယ်။ ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်တဲ့ စာအုပတစ်အုပ်လို့ ပြောရမှာပါပဲ