စက်ဦးနှောက်နှင့် ဆန်းဆန်းကြယ်ကြယ် ဝတ္ထုတိုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဒီတစ်ခါ ဖတ်ကြရမယ့် စာအုပ်ကောင်းလေးကတော့ ဆရာဒဂုန်ရွှေမျှားရဲ့ ဆန်းဆန်းကြယ်ကြယ် ဝတ္ထုတိုတွေကို ပထမဆုံးအကြိမ် စုစည်းဖော်ထုတ်ထားတဲ့ စာအုပ်ကောင်းလေးပဲ ဖြစ်ပါတယ်။ စာအုပ်ခေါင်းစဉ်ကို ကြည့်ရုံနဲ့တင် ဒီစာအုပ်ထဲက ဝတ္ထုတိုတွေက စိတ်ဝင်စားစရာ ဘယ်လောက်ကောင်းမလဲ၊ စာဖတ်သူတွေကို အသည်းတထိတ်ထိတ် ရင်တလှပ်လှပ်ဖြစ်စေမယ့် အံ့သြဘနန်း ဆန်းဆန်းကြယ်ကြယ် ဖြစ်ရပ်တွေ ဘယ်လို ခံစားဖတ်ကြရမလဲဆိုတာ ခန့်မှန်းလို့ ရပါတယ်နော်။ ပြည်ရွှေဘို၊ ချစ်ဝိညာဉ်၊ အသပြာတစ်ထောင်၊ မောင်ကျန်ဝတ္ထု၊ ပန်းဝတ်လွှာ၊ အရူးနှင့် အကောင်း၊ မလိုက်သူ၊ ဓားပြဗိုလ် အလှမယ်၊ လုပ်ကြံမှုများ၏ နောက်ကွယ်၊ သမုဒ္ဒရာ ခုနစ်စင်းနောက်၊ စက်ဦးနှောက် … စတဲ့ ဝတ္ထုတိုတွေ ပါဝင်ပါတယ်။ ဒီဝတ္ထုတိုတွေထဲမှာ ဆရာ့လက်ရာ ပင်ကိုရေးတွေ များပြီး တချို့ဝတ္ထုတိုတွေကတော့ ဘာသာပြန်လေးတွေလည်း ပါဝင်ပါတယ်။ ဆန်းဆန်းကြယ်ကြယ် ဝတ္ထုတိုတွေကို အခုပဲ ခံစားကြည့်လိုက်ရအောင်နော်။