ေ၀ဟင္ခရီး

ဒဂုန်ရွှေမျှား

600 Kyats ကျပ်
Jules Verne ရဲ့ Five Weers in a Balloon ဝတ္ထုကို ဆရာဒဂုန်ရွှေမျှား မြန်မာဘာသာ ပြန်တဲ့ ‘ဝေဟင်ခရီး’ ဝတ္ထုရှည်က စိတ်ဝင်စားစရာ၊ ရင်ခုန်အံ့အားသင့်စရာ၊ အသည်းတထိတ်ထိတ် ရင်တဖိုဖို စွန့်စားခန်းတွေကို အက်ရှင်ဇာတ်ကားကောင်းတစ်ကား ကြည့်ရသလို ဖတ်ကြရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ (၁၈၆၂)၊ ဇန်နဝါရီလ၊ (၁၄) ရက်နေ့က လန်ဒန်မြို့မှာ ရှိတဲ့ ကမ္ဘာ့ပထဝီပညာ စူးစမ်းရှာဖွေရေးအသင်းကြီးမှာ အရေးကြီးတဲ့ အစည်းအဝေးကြီးတစ်ခု ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဥက္ကဌဖြစ်သူက ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီး တစ်ဦးဟာ အာဖရိကတိုက်ကို မီးပုံပျံနဲ့ ဖြတ်သန်းဖို့ ကြံစည်နေကြောင်း ကြေညာလိုက်တော့ အသင်းသားတွေက လှိုက်လှိုက်လှဲလှဲ ဩဘာပေးကြပါတယ်။ အဲဒီနောက် ဥက္ကဌက ဒီပုဂ္ဂိုလ်ကြီးရဲ့ နာမည်ဟာ ဆင်မြူယယ်ဖာဂတ်ဆင် ဖြစ်ကြောင်း ပြောလိုက်တော့ အသင်းသားတွေဟာ အတိုင်းမသိ ဝမ်းမြောက်ပျော်ရွှင်သွားကြပြီး ဒေါက်တာဖာဂတ်ဆင်ကို သူ့ရဲ့ စွန့်စားသွားရောက်မယ့် ခရီးအတွက် ငွေကြေးတွေ စုစည်းထောက်ပံ့ခဲ့ကြတယ်။ ဒေါက်တာဖက်ဂတ်ဆင်ဟာ လူသူအရောက်အပေါက်နည်းပြီး ထူးခြားအံ့အားသင့်စရာတွေ ပြည့်နေတဲ့ အာဖရိကတိုက်ကို မီးပုံးပျံနဲ့ ဘယ်လို စွန့်စားခန်းဖွင့်မလဲ၊ သူနဲ့အတူ ဘယ်သူတွေ လိုက်ပါလေမလဲ ဆိုတာကိုတော့ …