ဖယောင်းပြတိုက်

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
စာရှည်ရှည်ဖတ်ရတာ အချိန်မရလို့၊ ပျင်းလို့၊ အလုပ်မအားလို့ဆိုရင် (၁၅) မိနစ်စာလောက် တစ်ပုဒ်ဆိုတစ်ပုဒ် ရသပြည့်ဝတဲ့ ဝတ္ထုပေါင်းချုပ်လေးတစ်အုပ် ဖတ်ကြည့်ပါလား။ "ဖယောင်းပြတိုက်" တဲ့ ! မမျှော်လင့်ထားတဲ့ ဇာတ်လမ်းနဲ့ အချိုးအကွေ့တွေနဲ့ပေါ့။ အဲဒီဖယောင်းပြတိုက် အပါအဝင် အချိန်ခရီးသွား၊ ဓာတ်ငါးမျှား၊ မီးမကူးသောယမ်းတောင့် စတဲ့ ဝတ္ထုတိုလေးတွေ (၁၆) ပုဒ်ကြီးများတောင် ပါဝင်ပါတယ်။ ဆန်းကြယ်တဲ့ဝတ္ထုတိုတွေ ကြိုက်သူတွေအတွက် ဒီစာအုပ်က ဖတ်ချင်စရာပါပဲ။