ၾကြက္ဖူးစာ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဝန်ဇင်းရဲ့ စာချစ်သူပရိသတ်ကြီးအတွက် ဒီကနေ့ရဲ့ စာအုပ်ကောင်းလေးတစ်အုပ်အဖြစ် ဆရာဒဂုန်ရွှေမျှားရဲ့ ဖြစ်ရပ်ဆန်းကြယ်ဝတ္ထုတိုစုစည်းမှု စာအုပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆရာဒဂုန်ရွှေမျှားရဲ့ ဝတ္ထုတွေက ဘဝအတွေ့အကြုံများခဲ့တဲ့ ကလောင်တစ်လက်ရဲ့ လက်ရာတွေမို့ အတွေးအမြင်တွေ၊ ဒဿနတွေ၊ ရသတွေအပြည့်ဖြစ်သလို အကြောင်းအရာစုံ၊ ဖြစ်ရပ်စုံပြီး တစ်ပုဒ်နဲ့တစ်ပုဒ်လည်း ရသတွေ ကွဲပြားလှပါတယ်။ ဒီစာအုပ်အတွက် ခေါင်းစဉ်ယူထားတဲ့ ဝတ္ထုနာမည်က ‘ကြွက်ဖူးစာ’ တဲ့။ စိတ်ဝင်စားစရာ ဝတ္ထုလေးပါပဲ။ မောင်ဝင်းမြဆိုတဲ့ ရုံးစာရေးလေးက သူ့ထက် အသက်အရွယ်ကြီးတဲ့ မလှလှဆိုတဲ့ အမျိုးသမီးကို ချစ်ကျွမ်းဝင်လိုပေမဲ့ ကိုယ့်ထက် အသက်ကြီးသူဖြစ်တာမို့ အစ်မတစ်ယောက်ထက် ပိုတဲ့ဟန် မပြရဲခဲ့ဘူး။ ဒါပေမဲ့ ကြွက်တစ်ကောင်က သူတို့နှစ်ယောက်ရဲ့ ရင်ထဲငုပ်ကွယ်နေတဲ့ အချစ်စိတ်တွေကို လှစ်ဟထုတ်ပြဖို့ မြားနတ်မောင်လေးအဖြစ် ဝင်ရောက်လာတဲ့အခါ … ဒီလို စိတ်ဝင်စားစရာ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေက အချစ်၊ အကြမ်း၊ အလွမ်း၊ အဆွေး ရသတွေ စုံလင်လှပါတယ်။ စာချစ်သူတို့အနေနဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ လက်ရာကောင်းတွေထဲက သွေးသောက်မဂ္ဂဇင်း၊ မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ အလင်းရောင်မဂ္ဂဇင်း၊ ခေတ်အမျိုးသမီးစာစောင် စတဲ့ စာနယ်ဇင်းစာမျက်နှာတွေမှာ ရေးသားခဲ့တဲ့ … စစ်မုန်းသူ၊ သူထိကိုယ်မိ၊ ငါးစိမ်းမြင် ငါးကင်ပစ်၊ ကောင်းကျိုးမပြု ရာဇဝတ်မှု၊ ချစ်ပန်းပွင့်ချိန်၊ ကြောင်နက်ရန်စွယ်၊ ကြွက်ဖူးစာ၊ ရွှေခြေချင်းဖူးစာ … စတဲ့ ဝတ္ထုတိုတွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။