ထောင်မင်းသား ဦးဘိုးထော်

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ကိုလိုနီခေတ်၊ ပြည်မြို့ ထောင်ကြီးမှာ အကျဉ်းကျခံနေရတဲ့ ထောင်သားတွေထဲမှာ အင်မတန် ထင်ရှားတဲ့ ထောင်သားကြီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ မြန်မာဆန်ဆန် ဥပဓိရုပ်ကောင်းကောင်း ထောင်ထောင်မောင်းမောင်းနဲ့ စိတ်သဘောထား ကောင်းမွန်တဲ့ လက္ခဏာရှိတဲ့ ထောင်သားကြီးဟာ ဘဝတစ်လျှောက်လုံး ထောင်ထဲမှာပဲ အချိန်ကုန်လွန်းလို့ ထောင်မင်းသားဆိုတဲ့ ဘွဲ့နဲ့အတူ ထောင်သားတွေတင်မကဘဲ ထောင်ဝါဒါ အရာရှိတွေအပေါ်မှာပါ သြဇာညောင်းတဲ့ လူထူးဆန်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ သူ့နာမည်က ဦးဘိုးထော်၊ သာမန် ဘိုးထော်မဟုတ်ဘဲ ထောင်ထဲမှာ ပျော်လွန်းသူ ထောင်မင်းသားကြီး ဦးဘိုးထော်။ ဦးဘိုးထော်ရဲ့ ထောင်သားဘဝမှာ ကြုံဆုံဖြစ်ပျက်ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဖြေရှင်းပေးရတဲ့ အမှုတွေ၊ ဆန်းကြယ်တဲ့ ကိစ္စရပ်တွေ များစွာ ရှိခဲ့ပါတယ်။ ထောင်မင်းသားဦးဘိုးထော်ရဲ့ အကျဉ်းသားဘဝ ကာလတွေမှာ ရှင်းလင်း အဖြေရှာပေးခဲ့ရတဲ့ အမှုကိစ္စတွေကို ဆရာဒဂုန်ရွှေမျှားက ဝတ္ထုအသွင် ဖန်တီး ရေးသားလိုက်တဲ့အခါ စိတ်ဝင်စားစရာ၊ အံ့အားသင့်စရာ၊ ထိတ်လန့်စရာ၊ သတိသံဝေဂယူစရာ ဝတ္ထုကောင်းတွေအဖြစ် စာဖတ်သူတို့ ဖတ်ရှုခွင့်ရနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။