ကျောက်ခေတ်လူသား

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဆရာဒဂုန်ရွှေမျှားရဲ့ ဘာသာပြန်လက်ရာ ဝတ္ထုတိုပေါင်း များစွာထဲကမှ လက်ရွေးစင်အဖြစ် ရွေးထုတ်ပေါင်းစပ်ထားတဲ့ ဒီစာအုပ်လေးကို စာချစ်သူတို့ သဘောကျဦးမှာ သေချာပါတယ်။ ခေါင်းစဉ်ဖြစ်တဲ့ ကျောက်ခေတ်လူသား ဝတ္ထုတိုလေးကလည်း တော်တော် ဖတ်ကောင်းတယ်။ ကမ္ဘာပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီလို့ ယူဆထားကြတဲ့ အင်ဒီးယန်းမျိုးနွယ်၊ ယာဟီလူမျိုးစုထဲက နောက်ဆုံးကျန်ရစ်ခဲ့တဲ့ ကျောက်ခေတ်လူသား၊ ယဉ်ကျေးမှု မထွန်းကားတဲ့ တောတွင်းလူရိုင်းကြီးတစ်ဦးရဲ့ ဘဝဇာတ်လမ်းက စိတ်ဝင်စားစရာ၊ ဝမ်းနည်းစရာ၊ ကြည်နူးစရာ၊ ခံစားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျောက်ခေတ်လူသား လူရိုင်းကြီးတစ်ဦး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆီ မျက်စိလည်လမ်းမှား ရောက်ရှိလာခဲ့ရာက ကြုံတွေ့ရတဲ့ အခြေအနေတွေ၊ သူ့ အယူအဆ၊ အတွေးအမြင်၊ သူ့ခံစားမှုတွေက ချစ်စရာလည်း ကောင်းသလို စိတ်ထိခိုက်စရာလည်း ကောင်းပါတယ်။ ဖတ်ကြည့်ပါ မိတ်ဆွေ။ ဒီစာအုပ်မှာ … ကန္တာရ၏ သမီးပျို၊ လေးနိုင်ငံ တော်လှန်သူ၊ ဒေါ်လာတစ်ထောင်တန် ငွေစက္ကူ၊ ခွေးကလေးဟော်ရီ၊ ကြောက်စရာ ကြောင်ကြီး၊ ကျောက်ခေတ်လူသား၊ မတို့မာယာ … အပါအဝင် အခြား ဝတ္ထုတို (၁၁) ပုဒ် ပါဝင်တဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ လက်ရွေးစင်ဝတ္ထုတိုတွေပဲ ဖြစ်ပါတယ်။