ထူးတစ်ထွေ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
စုံထောက်ခြင်းအမှုကို အလွန်စိတ်ဝင်စားတဲ့ ကိုသိန်းဒိုးတစ်ယောက် ထူးခြားဆန်းကြယ်တဲ့ လူသတ်မှုတစ်ခုကို စိတ်ဝင်စားမိခဲ့ရာက ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွား ငှားကျောင်း ဆိုတဲ့ စကားအတိုင်းပဲ ဒီလူသတ်မှုနောက်ကို ကိုယ့်ဘာသာ မနေနိုင်မထိုင်နိုင် စုံစမ်းထောက်လှမ်းပါတော့တယ်။ ဖြစ်ချင်တော့ လူသတ်မှုဖြစ်တာကလည်း ကိုသိန်းဒိုးရဲ့ မိတ်ဆွေ ကိုအံ့ကြီးရဲ့ အိမ်မှာ။ အသတ်ခံထားရတာကလည်း နတ်သမီးလေးလို ချောမောလှပတဲ့ အသက် (၂၀) အရွယ် မိန်းမပျိုလေးတစ်ဦး။ အလောင်းက ဒဏ်ရာအနေအထားအရလည်း သုံးမြှောင့်ပုံသဏ္ဌာန် အချွန်တစ်ခုနဲ့ ထိုးသွင်းဒဏ်ရာကြောင့် အသက်ကုန်သွားခဲ့တာ။ ပိုဆိုးတာက ကိုအံ့ကြီးကလည်း လူသတ်မှုဖြစ်တဲ့ညမှာပဲ အိမ်ကနေ ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာပဲ။ ဒီအမှုက ထင်ထားသလောက် မရိုးရှင်းပါဘူး။ ကိုအံ့ကြီးဆိုတဲ့လူ ပျောက်သွားပေမဲ့ ကိုအံ့ကြီးဆိုတာ ဒီပြဿနာတွေ မဖြစ်ခင် လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတည်းက ကျောက်တွင်းသူဌေးတစ်ယောက်အဖြစ် အသတ်ခံထားရဖူးပြန်တယ်ဆိုတဲ့ ပုလိပ်ရာဇဝတ်မှုမှတ်တမ်း ရှိနေပြန်တယ်။ ဒီအမှုကို ကိုသန်းဒိုးတစ်ယောက် ဘယ်လို စုံစမ်းဖော်ထုတ်မလဲ၊ ဘယ်သူက တရားခံလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ကိုသိန်းဒိုးရဲ့ အလွတ်စုံထောက် ထောက်လှမ်းစုံစမ်းမှုတွေထဲကမှ တစ်မှုဖြစ်တဲ့ ထူးတစ်ထွေကတော့ ဆရာဒဂုန်ရွှေမျှားရဲ့ နာမည်ကျော် ဝတ္ထုရှည်တစ်ပုဒ်မို့ စာချစ်သူတို့ ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါပဲနော်။