ထူးဆန်းသောအိပ်မက်နှင့် ဂမ္ဘီရဆန်းကြယ်ဝတ္ထုတိုများ

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
ဆရာဒဂုန်ရွှေမျှားရဲ့ ဂမ္ဘီရဆန်းကြယ် ဝတ္ထုတိုတွေက စာဖတ်သူတို့ရဲ့ စိတ်နှလုံးကို ရသကိုးပါး စုံစုံလင်လင်နဲ့ တစ်ပုဒ်တစ်ဟန်၊ သဏ္ဌာန်တစ်မျိုး၊ အကျိုးအကြောင်း အဖြစ်အပျက် အဖုံဖုံ ရသအမျိုးစုံ ပေးစွမ်းနိုင်တဲ့ ဝတ္ထုတိုတွေပါပဲ။ လောကမှာ ရှိတတ် ဖြစ်တတ်၊ ရှိလေ့ ဖြစ်လေ့ ရှိတဲ့ အကြောင်းအရာတွေကိုတောင် ဟာခနဲ ဟင်ခနဲ ဖြစ်အောင် ဝတ္ထုအဖြစ် ဖန်တီးတတ်တဲ့ ဆရာဒဂုန်ရွှေမျှားရဲ့ လက်ရာတွေက လောကဇာတ်ခုံက ဇာတ်လမ်းစုံကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုတွေ ဖြစ်ပါတယ်။ နိစ္စဓူဝ လူသားတွေရဲ့ အဖြစ်အပျက်တွေအပြင် လူသာမန်တွေ တွေ့ရ ကြုံရ ကြားသိရခဲတဲ့ အံ့သြဘနန်း ဖြစ်ရပ်ဆန်းတွေကို ဆိုရင်လည်း ရင်တမမ၊ အသည်းတအေးအေး ဖတ်ကြရပြန်ပါတယ်။ ဒီလို အကြောင်းအရာစုံ၊ ဇာတ်လမ်စုံလှတဲ့ ဂမ္ဘီရဆန်းကြယ် ဝတ္ထုတိုများ စာအုပ်လေးကတော့ စာချစ်သူတို့ အကြိုက်တွေ့ဦးမှာ သေချာပါတယ်။ ဘဝရသကို အံ့သြထူးဆန်းဖွယ် အဖြစ်အပျက်တွေနဲ့ ရောပြွန်းဖန်တီးထားတဲ့ ဝတ္ထုတိုတွေကို ဖတ်ရှုခံစားလိုက်ရအောင်လား စာချစ်သူတို့ရေ။