ကန္တာရအကျဉ်းသမား

ဒဂုန်ရွှေမျှား

900 Kyats ကျပ်
...မြန်မာမိဘနှစ်ပါးကနေ မွေးဖွားလာပေမယ့် အရပ် ငါးပေ ဆယ်လက်မ၊ နှာတံချွန်ချွန် အသားနီစပ်စပ်၊ ထောင်ထောင်မောင်းမောင်းနဲ့ ပထန်ကုလားတစ်ယောက်နဲ့ ဆင်တာမို့ မောင်မောင်ကြီးဆိုတဲ့ အမည်ကနေ ပထန်မောင်မောင်ကြီးအဖြစ် ရေပန်းစားတဲ့ မောင်မောင်ကြီး။ ရန်ကုန်ကောလိပ်ကနေ ဘီအက်စ်စီအတန်း အောင်ပြီးနောက်မှာ အိန္ဒိယပြည်၊ ဒါရာဒွန်းမြို့မှာ အစိုးရသစ်တောပညာသင်အဖြစ် စေလွှတ်ခံရတဲ့ မောင်မောင်ကြီး။ အိန္ဒိယမှာ သစ်တောပညာသင်အဖြစ် ပညာသင်ယူနေချိန် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာခဲ့ချိန်မှာ ကိုယ့်တိုင်းပြည်ကို လွတ်လပ်ရေးရစေဖို့ စိတ်အားတက်ကြွတာကြောင့် သစ်တောကနေ စစ်တပ်ဘက် ကူးလို့ လက်ဖတင်နင် မောင်မောင်ကြီးအဖြစ် ပန်ချာပီသေနတ်တပ်နဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ မောင်မောင်ကြီး။ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယ အနောက်မြောက်နယ်စပ်က နော်ရှီရာမြို့မှာ ပန်ချာပီစစ်တပ်ရဲ့ ဗိုလ်မှူးကလေးအဖြစ် စွန့်စားခန်းဖွင့် တိုက်ပွဲဝင်ခဲ့တဲ့ လက်ဖတင်နင်မောင်မောင်ကြီးရဲ့ စွန့်စားခန်း အဖြစ်အပျက်တွေကို ဆရာဒဂုန်ရွှေမျှား ရေးသားထားတဲ့ ဒီ ‘ကန္တာရ အကျဉ်းသမား’ ပင်ကိုရေး ဝတ္ထုရှည်မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမှာဖြစ်ပါတယ်။